- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
သမ္မတဘိုင်ဒန် အာရှသို့ အလည်အပတ်ရောက်နေချိန် တောင်တရုတ်ပင်လယ်တွင် တရုတ်တို့ စစ်ရေးလေ့ကျင့်
အမေရိကန်သမ္မတဘိုင်ဒန် အာရှသို့ အလည်အပတ် ရောက်ရှိနေချိန်၌ တရုတ်သည် တောင်တရုတ်ပင်လယ် ရေပြင်၌ စစ်ရေးလေ့ကျင့်လျက်ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
23 May 2022

DMG ၊ မေ ၂၃
အမေရိကန်သမ္မတဘိုင်ဒန် အာရှသို့ အလည်အပတ် ရောက်ရှိနေချိန်၌ တရုတ်သည် တောင်တရုတ်ပင်လယ် ရေပြင်၌ စစ်ရေးလေ့ကျင့်လျက်ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တောင်တရုတ်ပင်လယ် ရေပြင်၌ စစ်ရေးလေ့ကျင့်မှုကို ကြာသပတေးနေ့တွင် စတင်ခဲ့ပြီး တနင်္လာနေ့အထိ လေ့ကျင့်မည်ဟု ဟိုင်နန်ကျွန်းရှိ တရုတ် ရေကြောင်းလုံခြုံရေး စီမံခန့်ခွဲရေးရုံးက ပြောကြားသည်။
လေ့ကျင့်မည့်နေရာတစ်ဝိုက်တွင် လေကြောင်းနှင့် ရေကြောင်းသွားယာဉ်များ ဝင်ရောက်ခွင့်ကို တားမြစ်ထားသည်ဟုလည်း အဆိုပါရုံးထံမှ သိရသည်။
တရုတ်တို့သည် တောင်တရုတ်ပင်လယ် ရေပြင် တစ်ခွင်လုံးကို ပိုင်ဆိုင်ကြောင်း ပြောကြားထားပြီး အဆိုပါရေပြင်သည် အာရှဒေသ ပဋိပက္ခတွင် အရေးပါသော ကိစ္စရပ်တစ်ခု ဖြစ်လျက်ရှိသည်။
အမေရိကန်သည် တရုတ်တို့၏ ပိုင်ဆိုင်မှု ပြောကြားချက်ကို တစုံတစ်ရာ တုံ့ပြန်အငြင်းပွားခြင်း မရှိသော်လည်း အဆိုပါရေပြင်၌ လွတ်လပ်စွာသွားလာခွင့် မူဝါဒကို ကိုင်စွဲထားကာ အမေရိကန် စစ်သင်္ဘောများလည်း မကြာခဏဆိုသလို ခုတ်မောင်းဖြတ်သန်းလေ့ရှိသည်။
သမ္မတဘိုင်ဒန်သည် သောကြာနေ့တွင် တောင်ကိုရီးယားသို့ ရောက်ရှိခဲ့သည်။ ထိုမှတစ်ဆင့် ဂျပန်သို့ ဆက်လက် သွားရောက်မည်ဖြစ်ကာ ဂျပန်တွင် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့နှင့် ပူးပေါင်းဖွဲ့စည်းထားသည့် လေးနိုင်ငံ Quad အစည်းအဝေး တက်ရောက်မည်ဖြစ်သည်။
ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်တို့သည်လည်း တောင်တရုတ်ပင်လယ်တွင်း ပိုင်ဆိုင်မှုများ အသီးသီးပြောကြားထားသည်။
ဖိလစ်ပိုင်သည် အဆိုပါအငြင်းပွားဖွယ် ရေပြင်ရှိ ကျွန်းသုံးကျွန်း၌ စစ်စခန်းများ နေရာချထားကြောင်း ပြီးခဲ့သော သောကြာနေ့က ထုတ်ဖော်ပြောကြားထားသည်။