- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
လပေါင်း ၂၀ ကြာ ပိတ်ထားခဲ့သည့် အမေရိကန်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်
ကိုဗစ်ကန့်သတ်ချက်များနှင့်အတူ လပေါင်း ၂၀ ကြာ ပိတ်ထားခဲ့သည့် နယ်စပ်ဂိတ်များနှင့် လေဆိပ်များကို ယနေ့ (နိုဝင်ဘာ ၈) တွင် အမေရိကန်အစိုးရက ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ကာ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားသူများ ဝင်ထွက်သွားလာခွင့် ရရှိတော့မည် ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Nov 2021

DMG ၊ နိုဝင်ဘာ ၈

လေဆိပ်နှင့် နယ်စပ်ဂိတ်များအား ပိတ်ထားခဲ့မှုသည် ကိုဗစ်ကပ်ဘေးကြီးကြောင့် ဖြစ်ပေါ်လာသည့် အဆင်မပြေမှုများအတွက် သင်္ကေတတစ်ရပ်လည်း ဖြစ်နေခဲ့ကာ ဝေဖန်မှုများလည်း ရင်ဆိုင်ခဲ့ရသည်။
ဤကန့်သတ်ချက်ကို ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၂၀၂၀ အစောပိုင်းတွင် ချမှတ်ခဲ့ပြီး လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်က ပြန်လှည်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
လပေါင်းများစွာကြာမြင့်အောင် ပိတ်ပင်ထားခဲ့သည့်အတွက် သန်းပေါင်းရာချီသည့် လူထုသည် ပုဂ္ဂိုလ်ရေးအရသာမက စီးပွားရေးဆိုင်ရာ အဆင်မပြေမှုများကိုပါ ရင်ဆိုင်ခဲ့ရသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ခရီးသွားလာခွင့် ဖွင့်လှစ်ပေးခြင်းနှင့်အတူ ဝယ်လိုအား အထူးမြင့်တက်လာသည့်အတွက် လေကြောင်းကုမ္ပဏီများသည် ခရီးစဉ်များကို တိုးမြှင့်ပြေးဆွဲရန် စီစဉ်ထားကြကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။