- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ဂျပန်ဧကရာဇ်ကို ဟစ်တလာနှင့် ယှဉ်တွဲဖော်ပြထားသည့် ဗီဒီယိုဖိုင်အတွက် ယူကရိန်း တောင်းပန်
နာဇီဝါဒနှင့် ဖက်ဆစ်ဝါဒတို့ကို ဖော်ညွှန်းရာ၌ ကွယ်လွန်သူ ဂျပန်ဧကရာဇ် ဟီရိုဟီတိုအား အဒေါ့ဟစ်တလာနှင့် ဘင်နီတိုမူဆိုလီနီတို့နှင့် ယှဉ်တွဲပြီး ဖော်ပြထားသည့် ဗီဒီယိုဖိုင်အတွက် ယူကရိန်းအစိုးရက တောင်းပန်လိုက်ကြောင်း ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
26 Apr 2022

DMG ၊ ဧပြီ ၂၆
နာဇီဝါဒနှင့် ဖက်ဆစ်ဝါဒတို့ကို ဖော်ညွှန်းရာ၌ ကွယ်လွန်သူ ဂျပန်ဧကရာဇ် ဟီရိုဟီတိုအား အဒေါ့ဟစ်တလာနှင့် ဘင်နီတိုမူဆိုလီနီတို့နှင့် ယှဉ်တွဲပြီး ဖော်ပြထားသည့် ဗီဒီယိုဖိုင်အတွက် ယူကရိန်းအစိုးရက တောင်းပန်လိုက်ကြောင်း ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါဗီဒီယိုဖိုင်သည် တွစ်တာပေါ်တွင် ဧပြီလ ၁ ရက်နေ့က စတင်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းအပေါ် ရုရှားတို့ကျူးကျော်မှုကို ဝေဖန်ထားသည့် အဆိုပါဖိုင်၌ ဧကရာဇ်ဟီရိုဟီတို၊ ဟစ်တလာနှင့် မူဆိုလီနီတို့၏ ဓာတ်ပုံများကို အသုံးပြုထားပြီး “ဖက်ဆစ်ဝါဒနဲ့ နာဇီဝါဒဟာ ၁၉၄၅ ခုနှစ်မှာ ကျရှုံးသွားပြီ” ဟု ရေးသားဖော်ပြထားသည်။
ဗီဒီယိုဖိုင်နှင့် ပတ်သက်၍ တွစ်တာပေါ်ရှိ ဂျပန်အသုံးပြုသူများထံမှ မကျေမနပ် တုံ့ပြန်မှုများ ထွက်ပေါ်လာပြီးနောက်တွင် ဂျပန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် ဆာဂျီကော်ဆင်စကီးက တနင်္လာနေ့၌ တွစ်တာပေါ်တွင် တောင်းပန်ခဲ့သည်။ အဆိုပါဗီဒီယိုဖိုင်ကို ဖန်တီးသူသည် သမိုင်းကို နားလည်မှု အားနည်၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဖော်ရွေတဲ့ ဂျပန်ပြည်သူများကို ကျွန်တော်တို့အနေနဲ့ စော်ကားလိုစိတ် မရှိပါ” ဟု ယူကရိန်းဘက်က ပြန်လည်တုံ့ပြန် ရေးသားထားသည်။
အဆိုပါ စစ်ဘုရင်ဧကရာဇ်ရုပ်ပုံကို ပယ်ဖျက်ပေးရန် သံတမန်လမ်းကြောင်းမှ တစ်ဆင့် တရာဝင် တောင်းဆိုထားကြောင်း ဂျပန်အစိုးရဘက်က တနင်္လာနေ့တွင် ပြောကြားသည်။
အဆိုပါတောင်းဆိုချက်ကို ဖြေရှင်းပြီးဖြစ်ကြောင်းနှင့် ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းလူထုအပေါ် ဂျပန်နိုင်ငံ၏ ထောက်ခံမှုသည် အပြောင်းအလဲမရှိကြောင်း ဂျပန် အစိုးရအဖွဲ့၏ လက်ထောက်ဝန်ကြီး ယိုရှီဟိကို အီဆိုဇာကိက ပြောကြားသည်။