- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်ကူးစက်နှုန်း ပြန်လည်မြင့်တက်
မြို့တော် ဆိုးလ်ရှိ အီတေဝန်ဒေသတွင် အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါအမျိုးသားသည် စစ်ဆေးမှုမခံယူမီတွင် နိုက်ကလပ်သုံးခုသို့ သွားရောက်လည်ပတ်ခဲ့သည်ကို သိရှိခဲ့ရပြီးနောက် အစိုးရက နိုက်ကလပ်များအား တစ်လကြာ ပိတ်ထားရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
09 May 2020

တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ပြန်လည်မြင့်တက်လာပြီး စနေနေ့တွင် ကူးစက်ခံထားရသူ ၁၈ ဦး စစ်ဆေးတွေ့ရှိရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ကျဆင်းလာသောကြောင့် တောင်ကိုရီးယားအစိုးရသည် တစ်ဦးချင်းအကွာအဝေး သတ်မှတ်ချက်များ ဖြေလျှော့ပေးရန်အပါအဝင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရေး အစီအစဉ်များကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။
သောကြာနေ့တွင်မူ ငါးရက်အတွင်း အမြင့်ဆုံးအဖြစ် ကူးစက်သူ ၁၀ ဦးတွေ့ရှိခဲ့သည်။
မြို့တော် ဆိုးလ်ရှိ အီတေဝန်ဒေသတွင် အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါအမျိုးသားသည် စစ်ဆေးမှုမခံယူမီတွင် နိုက်ကလပ်သုံးခုသို့ သွားရောက်လည်ပတ်ခဲ့သည်ကို သိရှိခဲ့ရပြီးနောက် အစိုးရက နိုက်ကလပ်များအား တစ်လကြာ ပိတ်ထားရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားတွင် ပြီးခဲ့သော သုံးလတာအတွင်း ဗိုင်းရပ်စ်ကူးစက်မှုစုစုပေါင်း ၁၀,၈၄၀ ရှိပြီး သေဆုံးသူ ၂၅၆ ဦးရှိသည်။
တရုတ်ပြည်တွင်မူ မြို့တော်ဘေကျင်း၌ အစိုးရစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့်အစီအစဉ် စတင်နေပြီဖြစ်သည်။
လာမည့်တနင်္လာနေ့တွင် အစိုးရကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကာ ကျောင်းသား ၈၄,၂၀၀ နှင့် ဆရာ ၁၃,၂၀၀ ခန့် တက်ရောက်ကြမည်ဟု အစိုးရက ကြေညာထားသည်။
ကမ္ဘာတစ်ဝန်းတွင် မေလ ၉ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်း လေးသန်းကျော်သွားပြီဖြစ်ကာ သေဆုံးသူစုစုပေါင်းမှာ ၂၇၆,၆၇၇ ဦးရှိပြီဖြစ်ကြောင်း Worldometer ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။