- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
တောင်ကိုရီးယားတွင် ၂၄ နာရီအတွင်း သေဆုံးသူ အမြင့်ဆုံးစံချိန်တင်
တောင်ကိုရီးယားတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၄၀ ဦးအထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားလိုက်သည်။ ဤအရေအတွက်သည် နိုင်ငံတွင်း ပိုးကူးစက်မှု စတင်ချိန်တည်းက တစ်နေ့တာအတွင်း အများဆုံး သေဆုံးမှုအရေအတွက်လည်း ဖြစ်သည်။
29 Dec 2020

တောင်ကိုရီးယားတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၄၀ ဦးအထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားလိုက်သည်။ ဤအရေအတွက်သည် နိုင်ငံတွင်း ပိုးကူးစက်မှု စတင်ချိန်တည်းက တစ်နေ့တာအတွင်း အများဆုံး သေဆုံးမှုအရေအတွက်လည်း ဖြစ်သည်။
ကူးစက်မှုအသစ် ၁၀၄၆ ခုအထိ စစ်ဆေးတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများ၏ အင်္ဂါနေ့ ထုတ်ပြန်ချက်အရ သိရသည်။ ရှေ့ပိုင်းက ၂၄ နာရီအတွင်း အများဆုံး သေဆုံးမှုအရေအတွက်မှာ ၂၄ ဦးဖြစ်ပြီး ဒီဇင်ဘာ ၂၁ နှင့် ၂၂ ရက်နေ့များတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးမှုနှုန်း မြင့်တက်လာခြင်းသည် သက်ကြီးဂေဟာများ၊ ကျန်းမာရေးဝန်ဆောင်မှု ဌာနများတွင် ရောဂါအခံရှိပြီးသား လူကြီးများအကြား အုပ်စုလိုက်ကူးစက်မှုများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း လေ့လာသူများက ပြောကြားသည်။
တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်ကူးစက်မှု စတင်ချိန်တည်းက လက်ရှိအချိန်အထိ ကူးစက်မှုစုစုပေါင်း ၅၈၇၂၅၊ သေဆုံးမှု ၈၅၉ ရှိသွားပြီဖြစ်သည်။
ကမ္ဘာတစ်ဝန်း နိုင်ငံအများအပြားတွင် ဗိုင်းရပ်စ်ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လျက်ရှိသည်။
ဗြိတိန်တွင် တနင်္လာနေ့ တစ်ရက်တည်း၌ ကူးစက်မှု စုစုပေါင်း ၄ သောင်းကျော် စစ်ဆေးတွေ့ရှိခဲ့ရသည်။
ဂျာမနီနိုင်ငံတွင်လည်း သေဆုံးသူဦးရေမှာ ၃၀၀၀၀ အထိရှိလာပြီဖြစ်ကာ လော့ဒေါင်းကန့်သတ်မှုများကိုလည်း ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်ဖွယ် ရှိနေသည်။
ရုရှားနိုင်ငံသည်လည်း ကိုဗစ်ကြောင့် ၂၀၂၀ ဇန်နဝါရီမှ နိုဝင်ဘာလအထိ သေဆုံးသူဦးရေ စုစုပေါင်းစာရင်းကို တနင်္လာနေ့က ထုတ်ပြန်ရာ ၁၈၆၀၅၇ ဦးရှိသည်။ ရုရှားသည် သေဆုံးသူစာရင်းကို ပထမတစ်ကြိမ် ထုတ်ပြန်ထားပြီးဖြစ်သည်။ ထိုထုတ်ပြန်ချက်တွင် ၅၅၂၆၅ ဦးရှိခဲ့သည်။ ထိုစာရင်းကို ထပ်မံဖြည့်စွက်ပြင်ဆင်ကာ စာရင်းအသစ် ထုတ်ပြန်ခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ဒီဇင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်မှုစုစုပေါင်း ၈၁ သန်း၊ သေဆုံးမှုစုစုပေါင်း ၁.၇ သန်းခွဲကျော် ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဖော်ပြချက်များအရ သိရသည်။