- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
စင်္ကာပူတွင် ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းများ တိုးမြှင့်တင်းကြပ်
စင်္ကာပူနိုင်ငံတွင် ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းများအား ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
15 May 2021

DMG ၊ မေ ၁၅
စင်္ကာပူနိုင်ငံတွင် ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းများအား ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လူစုလူဝေး အရေအတွက်ကို ယခင်က ၅ ဦးထက် ပိုမစုရသည့် စည်းကမ်း ထုတ်ပြန်ထားရာမှ ယနေ့ (မေ ၁၄) ထုတ်ပြန်လိုက်သည့် စည်းကမ်းအသစ်အရ ၂ ဦးထိသာ စုဝေးခွင့်ပြုထားသည်။ စားသောက်ဆိုင်များတွင် ဝင်ရောက် စားသောက်ခွင့်ကိုလည်း ပိတ်လိုက်ပြီဖြစ်သည်။
“စည်းကမ်းအသစ်တွေကို ကျွန်တော် တို့ ၂ ပတ်စောင့်ကြည့်ပြီး လိုအပ်သလို ထပ်မံပြင်ဆင်သွားမှာပါ” ဟု စင်္ကာပူ ပညာရေးဝန်ကြီးနှင့် ကိုဗစ်တိုက်ဖျက်ရေး တွဲဖက်ဥက္ကဌလည်း ဖြစ်သူ လောရင့်ဝေါင်း က စီအန်အေ သတင်းတစ်ရပ်တွင် ဖြေကြားထားသည်။
အသစ်ထုတ်ပြန်လိုက်သော ကိုဗစ်စည်းကမ်းအသစ်များသည် မေလ ၁၆ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ အကျုံးဝင်မည်ဖြစ်သည်။
စင်္ကာပူတွင် ကူးစက်မှု လုံးဝမတွေ့ဘဲ လနှင့်ချီ ကြာခဲ့ပြီးမှ ပြီးခဲ့သော သီတင်းပတ်များအတွင်း ကူးစက်မှုများ တစ်ကျော့ပြန် တွေ့ရှိခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်အတွင်း ကူးစက်မှုစုစုပေါင်းမှာ ၇၁ ဦးအထိ မြင့်တက်ခဲ့ပြီး ယမန်နေ့ (မေ ၁၃) တွင် အတည်ပြုထားသော ပြည်တွင်းကူးစက်မှု ၂၄ ဦးအထိ ရှိသည်။
စင်္ကာပူတွင် ကိုဗစ်ကပ်ဘေးကာလ ကူးစက်မှုစုစုပေါင်းမှာ ၆၁၄၅၃၊ သေဆုံးသူစုစုပေါင်း ၃၁ ဦး ရှိသည်။
ကမ္ဘာတစ်ဝန်းတွင် ယနေ့ (မေ ၁၄) နေ့လယ်ပိုင်းအထိ ကိုဗစ်ကူးစက်မှုစုစုပေါင်း ၁၆၂ သိန်းနီးပါး ရှိပြီး သေဆုံးသူစုစုပေါင်း ၃.၃ သန်းခွဲ ရှိသွားပြီဖြစ်ကြောင်း Worldometer ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။