- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ရွှေလီတွင် ကိုဗစ်လူနာ သုံးဦးတွေ့ရပြီးနောက် တစ်မြို့လုံးကို နှစ်ရက်နှင့်အပြီး ကိုဗစ်စစ်မည်
မြန်မာနယ်စပ် တရုတ်ပြည်ရွှေလီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသူ သုံးဦး တွေ့ရှိရပြီးနောက် ဇူလိုင် ၅ ရက်နေ့တွင် တစ်မြို့လုံးကို လော့ဒေါင်းချကာ ဆေးစစ်မှုများ အကြီးအကျယ် ပြုလုပ်ရန် ပြင်ဆင်နေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
06 Jul 2021

DMG ၊ ဇူလိုင် ၆
မြန်မာနယ်စပ် တရုတ်ပြည်ရွှေလီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသူ သုံးဦး တွေ့ရှိရပြီးနောက် ဇူလိုင် ၅ ရက်နေ့တွင် တစ်မြို့လုံးကို လော့ဒေါင်းချကာ ဆေးစစ်မှုများ အကြီးအကျယ် ပြုလုပ်ရန် ပြင်ဆင်နေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြို့နေလူဦးရေ ၂၁၀၀၀၀ ကျော်ရှိသည့် ရွှေလီမြို့တွင် လေးလအတွင်း ဒုတိယအကြိမ် လော့ဒေါင်းချခြင်း ဖြစ်သည်။
ကိုဗစ် ကူးစက်ခံထားရသူ သုံးဦးအနက် တစ်ဦးမှာ မြန်မာနိုင်ငံသား ဖြစ်ကြောင်း ယူနန်ခရိုင် ကျန်းမာရေးအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
ယခုလော့ဒေါင်းအတွင်း ရွှေလီမြို့တွင်း နေထိုင်သူများအားလုံးကို နှစ်ရက်အတွင်းအပြီး ကိုဗစ်စစ်ဆေးမည် ဖြစ်ကာ မလိုအပ်ဘဲ ခရီးသွားလာခြင်းများကိုလည်း နောက်ထပ်ညွှန်ကြားချက် ထုတ်ပြန်မှု မရှိမချင်း တားမြစ်ထားကြောင်း ဒေသအာဏာပိုင်များက ယနေ့ ထုတ်ပြန်သည်။
မြို့မှ ထွက်ခွာလိုသူ မည်သူမဆို ၇၂ နာရီအတွင်း ထုတ်ပေးထားသည့် ကိုဗစ်ကင်းရှင်းကြောင်း လက်မှတ် ပြသရမည်ဟု အာဏာပိုင်များက ပြောသည်။
ရွှေလီသည် မြန်မာဘက်ခြမ်း မူဆယ်မြို့မှ တရုတ်ပြည်သို့ အဓိကဝင်ပေါက် ဖြစ်သည်။
နယ်စပ်ဒေသတစ်လျှောက်တွင် ကူးစက်မှုများ မြင့်တက်လာသောကြောင့် တရုတ်သည် ပြီးခဲ့သည့်လများအတွင်း နယ်စပ်တစ်လျှောက်တွင် လုံခြုံရေးများ တိုးမြှင့်ချထားကာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို တင်းကြပ်စွာ ကိုင်တွယ်လျက်ရှိသည်။
ပြီးခဲ့သည့် ဧပြီလအတွင်လည်း မြို့တွင်း ကူးစက်မှု အနည်းငယ် တွေ့ရှိခဲ့ပြီးနောက် တစ်မြို့လုံးကို ကိုဗစ်စစ်ဆေးမှု ပြုလုပ်ခဲ့ကာ ကာကွယ်ဆေးများ ထိုးနှံကြရန်လည်း ဒေသအာဏာပိုင်များက တိုက်တွန်းခဲ့သည်။