- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
တရုတ်နှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းမှုများရှိကြောင်း ဆော်လမွန်ကျွန်းစုများနိုင်ငံက အတည်ပြု
လုံခြုံရေးစာချုပ်မူကြမ်းတစ်ရပ် ပေါ်ထွက်လာခြင်းနှင့် ပတ်သက်ပြီး ဆော်လမွန်ကျွန်းစုများနိုင်ငံ ဝန်ကြီးချုပ် မာနာဆက်ဆိုဂါဗာရေက အဆိုပါစာရွက်စာတမ်းသည် တရုတ်နှင့် သဘောတူထားသည့် မူကြမ်းတစ်ရပ်ဖြစ်ကာ ပါဝင်သည့်အချက်များကို အသေးစိတ် ရှင်းပြမည်မဟုတ်ကြောင်း ပြောကြားသည်။ ဝန်ကြီးချုပ်သည် မတ်လ ၂၉ ရက်နေ့က လွှတ်တော်၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
30 Mar 2022

DMG ၊ မတ် ၃၀
လုံခြုံရေးစာချုပ်မူကြမ်းတစ်ရပ် ပေါ်ထွက်လာခြင်းနှင့် ပတ်သက်ပြီး ဆော်လမွန်ကျွန်းစုများနိုင်ငံ ဝန်ကြီးချုပ် မာနာဆက်ဆိုဂါဗာရေက အဆိုပါစာရွက်စာတမ်းသည် တရုတ်နှင့် သဘောတူထားသည့် မူကြမ်းတစ်ရပ်ဖြစ်ကာ ပါဝင်သည့်အချက်များကို အသေးစိတ် ရှင်းပြမည်မဟုတ်ကြောင်း ပြောကြားသည်။ ဝန်ကြီးချုပ်သည် မတ်လ ၂၉ ရက်နေ့က လွှတ်တော်၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ မိတ်ဆွေသစ်တွေဆီမှာ ကျွန်တော်တို့အနေနဲ့ ဘယ်နည်းနဲ့မျှ ဖိအားပေးခံနေရတာမျိုး မရှိပါဘူး။ ဆော်လမွန်ကျွန်းစုမှာ စစ်စခန်းတည်ဆောက်ဖို့ တရုတ်ကို တောင်းဆိုမယ့်ရည်ရွယ်ချက်လည်း မရှိပါဘူး” ဟု ဝန်ကြီးချုပ်က ပြောသည်။
မိမိတို့နိုင်ငံ၏ တရုတ်နှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းမှုများအား တုံ့ပြန်ပြောဆိုနေကြသည်များမှာ စော်ကားခြင်းသာဖြစ်သည်ဟုလည်း သူက ပြောသည်။ အဆိုပါ သဘောတူညီချက်မူကြမ်းအား အချောသတ် ပြင်ဆင်နေသည်ဟုလည်း ဝန်ကြီးချုပ်က ဆိုသည်။
ဆော်လမွန်ကျွန်းစုများနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးကို ရပ်ဆိုင်းကာ တရုတ်နှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့သည်။
တရုတ်ရေတပ်သင်္ဘောများကို ဆော်လမွန်ကျွန်းစုတွင် လက်ခံမည့် သဘောတူညီချက်မူကြမ်းတစ်ရပ် ပေါက်ကြားလာခဲ့ပြီးနောက်တွင် သြစတြေးလျ၊ နယူးဇီလန်နှင့် အမေရိကန်နိုင်ငံတို့သည် အဆိုပါမူကြမ်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြသခဲ့ကြသည်။
ယခုဖြစ်ရပ်သည် ဒေသတွင်း စစ်ရေးလွှမ်းမိုးခြင်းသဘော ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်က တနင်္လာနေ့တွင် ပြောကြားသည်။ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ပီတာဒက်တန်ကလည်း ယခုသဘောတူညီချက်အရ ပစိဖိတ်ဒေသတွင် တရုတ်စစ်စခန်း ရှိလာပါက ကင်ဘာရာအနေဖြင့် စိုးရိမ်စရာ ရှိလာမည်ဟု ပြောကြားထားသည်။