- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်ခဲ့ကြောင်း တရုတ်ထုတ်ပြန်
ပူးတွဲစစ်ဆင်ရေးစွမ်းရည်များ ပိုမိုတိုးတက်ရေးအတွက် တရုတ်တပ်မတော်သည် ထိုင်ဝမ်အနီးတွင် နောက်တစ်ကြိမ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု တရုတ်ပြည်လွတ်မြောက်ရေး တပ်မတော်က မေလ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
10 May 2022

DMG ၊ မေ ၁၀
ပူးတွဲစစ်ဆင်ရေးစွမ်းရည်များ ပိုမိုတိုးတက်ရေးအတွက် တရုတ်တပ်မတော်သည် ထိုင်ဝမ်အနီးတွင် နောက်တစ်ကြိမ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု တရုတ်ပြည်လွတ်မြောက်ရေး တပ်မတော်က မေလ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
တရုတ်ပြည်လွတ်မြောက်ရေးတပ်မတော်၏ အရှေ့ပိုင်းဇုန် ကွပ်ကွဲထိန်းချုပ်ရေးက ထုတ်ပြန်သည့် ကြေညာချက်၌ မိမိတို့၏ ရေတပ်နှင့် လေတပ်သည် သောကြာနေ့မှ တနင်္ဂနွေနေ့အထိ ထိုင်ဝမ်အရှေ့ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကာ ဝန်ဆောင်မှုနှင့် လက်နက်မျိုးစုံကို ကိုင်တွယ်သုံးစွဲနိုင်စွမ်းအတွက် ပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုင်ဝမ်သည် ပြီးခဲ့သည့် ၂ နှစ်တာအတွင် ၎င်းတို့အနီးတွင် တရုတ်တို့ စစ်ရေးလေ့ကျင့်မှုများ မကြာခဏ ပြုလုပ်နေခြင်းအပေါ် မကျေနပ်မှုများ ပြသလျက်ရှိသည်။ အထူးသဖြင့် ထိုင်ဝမ်ကျွန်းဆွယ် တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ လေကြောင်းရန်ကာကွယ်ရေး ဇုန်များတဝိုက်တွင် လေ့ကျင့်မှုများကို ဖြစ်သည်။
ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေး လေယာဉ်များသည် ပြီးခဲ့သော သောကြာနေ့တွင် လေကြောင်းကာကွယ်ရေးဇုန် အတွင်းသို့ ဝင်ရောက်လာသော တရုတ်လေယာဉ် ၁၈ စီးကို မောင်းထုတ်ခဲ့ရသည်။ စနေနှင့် တနင်္ဂနွေနေ့များတွင်လည်း ထိုမျှလောက် မများတော့သော လေယာဉ်များ ကျူးကျော်မှုများ ရှိခဲ့သဖြင့် မောင်းထုတ်ခဲ့ရသည်ဟု ထိုင်ဝမ်၏ ပြောကြားချက်များအရ သိရသည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်းတို့၏ပိုင်နက်အဖြစ် သဘောထားသလို လိုအပ်လာပါက အင်အားသုံးသိမ်းပိုက်ရန် ဝန်မလေးသည့် သဘောထားကိုလည်း ပြသထားသည်။
ထိုင်ဝမ်ကမူ တရုတ်တို့၏ ပိုင်ဆိုင်မှုပြောကြားချက်များကို ပယ်ချထားပြီး မိမိတို့ကျွန်းဆွယ်ရှိ ပြည်သူ ၂၃ သန်းကသာ မိမိတို့၏ အနာဂတ်ကို ဆုံးဖြတ်နိုင်သည်ဟု ပြောကြားထားသည်။