- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
အမျိုးသမီးအခွင့်အရေးများကို အထူးအလေးပေး ဆောင်ရွက်ကြရန် တာလီဘန်တို့ အမိန့်ထုတ်ပြန်
အာဖဂန်နစ္စတန်ရှိ အစိုးရဝန်ကြီးဌာနများအနေဖြင့် အမျိုးသမီးအခွင့်အရေးများကို အထူးအလေးထား ဆောင်ရွက်ကြရန် တာလီဘန်တို့က သောကြာနေ့တွင် ထုတ်ပြန်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။ သို့သော်လည်း မိန်းကလေးငယ်များ ကျောင်းတက်ခွင့်မရသည့်အပေါ် တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိကြောင်းလည်း သတင်းက ဆိုသည်။
04 Dec 2021

DMG ၊ ဒီဇင်ဘာ ၄
အာဖဂန်နစ္စတန်ရှိ အစိုးရဝန်ကြီးဌာနများအနေဖြင့် အမျိုးသမီးအခွင့်အရေးများကို အထူးအလေးထား ဆောင်ရွက်ကြရန် တာလီဘန်တို့က သောကြာနေ့တွင် ထုတ်ပြန်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။ သို့သော်လည်း မိန်းကလေးငယ်များ ကျောင်းတက်ခွင့်မရသည့်အပေါ် တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိကြောင်းလည်း သတင်းက ဆိုသည်။
အာဖဂန်နစ္စတန်ကို တာလီဘန်တို့ သြဂုတ်လတွင် သိမ်းပိုက်ခဲ့ပြီးနောက် အာဖဂန်တို့၏ ဘီလျံနှင့်ချီသော ဒေါ်လာများအား အမေရိကန်နိုင်ငံက ဆိုင်းငံ့ခဲ့သည့်အပေါ် ပြန်လည်ခွင့်ပြုပေးရန် တာလီဘန်တို့ တောင်းဆိုနေချိန်၌ ယခုကဲ့သို့ အမိန့်ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
“အမျိုးသမီးအခွင့်အရေးကို အထူးအလေးထားပြီး လိုက်နာကျင့်သုံးရန် အစ္စလာမစ်ပြည်ထောင်စု ခေါင်းဆောင်က သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးကို ညွှန်ကြားလိုက်သည်” ဟု တာလီဘန်တို့၏ အဓိကခေါင်းဆောင် ဟီဘာတူလာအာခွန်ဇာဒါက မှာကြားကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။
ကြေညာချက်၌ ထိမ်းမြားလက်ထပ်ခြင်းနှင့် ပတ်သက်၍ အမျိုးသမီးများအား မည်သူကမျှ အတင်းအဓမ္မ လက်ထပ်ခိုင်းခြင်းမရှိစေရဟု ဖော်ပြထားသည့်အပြင် ခင်ပွန်းကွယ်လွန်သွားသည့် ဇနီးမယားသည် ခင်ပွန်း၏ ပိုင်ဆိုင်မှုများကို မျှဝေဆက်ခံခွင့်ရှိသည်ဟုလည်း ဖော်ပြထားသည်။
နိုင်ငံတကာ အလှူရှင်များသည် အာဖဂန်အတွက် အကူအညီများ ပေးအပ်ရေးတွင် အမျိုးသမီးများ၏ အခွင့်အရေးများကိုပါ လေးစားလိုက်နာပေးရန် ထည့်သွင်းတောင်းဆိုလျှက်ရှိသည်။
တာလီဘန်တို့၏ ထုတ်ပြန်ချက်တွင် ကျောင်းတက်ခွင့်မရဘဲ ရှိနေသည့် မိန်းကလေးငယ်များ၏ အခွင့်အရေး၊ အများပြည်သူ ဆက်ဆံရေး လုပ်ငန်းများတွင် လုပ်ကိုင်ခွင့် ပိတ်ပင်ခံရသည့် အမျိုးသမီးများ၏ အခွင့်အရေးများကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။
အာဖဂန်တွင် အမျိုးသမီးများသည် အိမ်ပြင်ထွက်လျှင် တစ်ကိုယ်လုံးအား ဝတ်ရုံနက်ခြုံ၍ ထွက်ရပြီး မိသားစုဝင် အမျိုးသားတစ်ဦးဦး အစောင့်အရှောက်မပါဘဲ သွားလာခွင့်မရှိပေ။