- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
အမေရိကန်နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး TPS ဖြင့် နေထိုင်ခွင့် ရထားသူများအား အမြဲတမ်းနေထိုင်ခွင့် ပေးမည်မဟုတ်
အမေရိကန်နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး ယာယီစောင့်ရှောက်မှု (Temporary Protected Status) ဖြင့် နေထိုင်ခွင့်ရရှိထားသူများအား အမြဲတမ်းနေထိုင်ခွင့် (Green Card) လျှောက်ထားခွင့်ပြုမည်မဟုတ်ကြောင်း အမေရိကန် တရားရုံးချုပ်က ဆုံးဖြတ်လိုက်သည်။
09 Jun 2021

DMG ၊ ဇွန် ၉
အမေရိကန်နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး ယာယီစောင့်ရှောက်မှု (Temporary Protected Status) ဖြင့် နေထိုင်ခွင့်ရရှိထားသူများအား အမြဲတမ်းနေထိုင်ခွင့် (Green Card) လျှောက်ထားခွင့်ပြုမည်မဟုတ်ကြောင်း အမေရိကန် တရားရုံးချုပ်က ဆုံးဖြတ်လိုက်သည်။
TPS ရထားတိုင်း နေထိုင်ခွင့်ပေးသည့်သဘော မဟုတ်သည့်အတွက် ခိုးဝင်အဖြစ် သတ်မှတ်မှုကို ပယ်ဖျက်ခြင်း မရှိကြောင်း တရားသူကြီး အယ်လီနာကာဂန်က ပြောသည်။
သဘာဝဘေး သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခများကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာများ ရင်ဆိုင်နေရသည့် အတွက် နေရပ်ပြန်ရန် မလုံခြုံသည့် နိုင်ငံများမှ ပြည်သူများသည် အမေရိကန်ပြည်ထောင်စုတွင် TPS လျှောက်ထားခွင့်ရှိသည်။ လက်ရှိတွင် အမေရိကန်၌ TPS ဖြင့် နေထိုင်သူ ၄ သိန်းခန့်ရှိပြီး ၎င်းတို့သည် နေရပ်ပြန်ပို့မခံရအောင် အကာအကွယ် ရထားသလို တရားဝင်အလုပ်လုပ်ခွင့် လည်း ရှိသည်။
လက်ရှိတွင် အမေရိကန်ပြည်ထောင်စုတွင် TPS လျှောက်ထားနိုင်သည့်နိုင်ငံ ၁၂ နိုင်ငံရှိပြီး မြန်မာ၊ နီပေါ၊ ဆီးရီးယား၊ ဟေတီ၊ ဟွန်ဒူးရပ်၊ နီကာရာဂွာ၊ ဆိုမားလီးယား၊ ဆူဒန်၊ တောင်ဆူဒန်၊ ဗင်နီဇွဲလား၊ အယ်ဆာဗေဒေါနှင့် ယီမင်တို့ ဖြစ်သည်။ မြန်မာအား ဖေဖော်ဝါရီလအတွင်း စစ်တပ်အာဏာရယူမှု ဖြစ်ပွားပြီးနောက်မှ ဘိုင်ဒန်အစိုးရက ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်က ချမှတ်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေး မူဝါဒများအား ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေသည့် သမ္မတဘိုင်ဒန်ကိုယ်တိုင်က ယခုဆုံးဖြတ်ချက်ကို ထောက်ခံမှု ရှိသဖြင့် လူဝင်မှု အခွင့်အရေးများအတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ဒီမိုကရက် ပါတီဝင်များသည်လည်း သမ္မတ၏ လုပ်ရပ်အပေါ် အံ့အားသင့်လျက်ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။