- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ဘိုင်ဒန်သည် ထရမ့်လောက် စိတ်လိုက်မာန်ပါ ဖြစ်မည်မဟုတ်ဟု ရုရှားသမ္မတပူတင် မျှော်လင့်
ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် သူ့ရှေ့က သမ္မတ ဒေါ်နယ်ထရမ့်လောက် စိတ်လိုက်မာန်ပါ ဖြစ်မည်မဟုတ်ဟု ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
12 Jun 2021

DMG ၊ ဇွန် ၁၂
ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် သူ့ရှေ့က သမ္မတ ဒေါ်နယ်ထရမ့်လောက် စိတ်လိုက်မာန်ပါ ဖြစ်မည်မဟုတ်ဟု ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သမ္မတပူတင်က NBC သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ဘိုင်ဒန်အား ဘဝတစ်လျှောက်လုံး နိုင်ငံရေးနယ်ပယ်တွင် ကျင်လည်ခဲ့သူ အဖြစ် ပုံဖော်ပြောကြားခဲ့သည်။
“အကျိုးအမြတ်တစ်ချို့၊ အကျိုးမဲ့မှုတစ်ချို့တော့ ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်သမ္မတ ဆီက စိတ်လိုက်မာန်ပါ လုပ်ရပ်တွေ ထွက်ပေါ်မလာဖို့ အထူးပဲမျှော်လင့်ပါတယ်” ဟု သမ္မတပူတင်က ပြောကြားခဲ့ကြောင်း NBC သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဇွန်လ ၁၆ ရက်နေ့တွင် ဂျီနီဗာ၌ ပထမဆုံးအကြိမ် တွေ့ဆုံကြမည် ဖြစ်သည်။
ပူတင်သည် ၂၀၁၆ တွင် သမ္မတထရမ့်ကို ထောက်ခံသူအဖြစ် ဝန်ခံပြောကြားထားသူ ဖြစ်သည်။
ဘိုင်ဒန်သည် ရုရှားသမ္မတပူတင်နှင့် ပတ်သက်ပြီး တွေဝေခြင်းမရှိကြောင်း ပြောထားသလို ပူတင်ကို ရုရှားအစိုးရကို ဝေဖန်သူ ဘိုးရစ်နမ်ဆော့ အပါအဝင် ထင်ရှားသော သေဆုံးမှုအများအပြားနှင့် ဆက်စပ်နေသော ‘လူသတ်သမား’ အဖြစ် ပုံဖော်ပြောကြားထားသည်။
၎င်းသည် ‘လူသတ်သမား’ တစ်ဦး ဖြစ်သလားဟု ပူတင်ကို မေးမြန်းရာ ပူတင်က ထိုအသုံးအနှုန်းသည် ဟောလီးဝုဒ်တွင် အပြောများသည့် ကျားကျားလျားလျား ယောကျ်ားဆန်ခြင်း အသုံးအနှုန်းမျိုးသာ ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။