- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ယူကရိန်းသမ္မတနှင့်အင်တာဗျူး မဖော်ပြရန် ရုရှားမီဒီယာအား အစိုးရ သတိပေး
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးနှင့် တွေ့ဆုံမေးမြန်ချက်တစ်ရပ်အား ဆက်လက်ဖော်ပြခြင်း မပြုရန် ရုရှားအစိုးရ၏ မီဒီယာစိစစ်ရေးဌာနက ရုရှားမီဒီယာအား မတ်လ ၂၇ ရက်နေ့တွင် သတိပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
28 Mar 2022

DMG ၊ မတ် ၂၈ ရက်
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးနှင့် တွေ့ဆုံမေးမြန်ချက်တစ်ရပ်အား ဆက်လက်ဖော်ပြခြင်း မပြုရန် ရုရှားအစိုးရ၏ မီဒီယာစိစစ်ရေးဌာနက ရုရှားမီဒီယာအား မတ်လ ၂၇ ရက်နေ့တွင် သတိပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သတင်းဌာနတစ်ခုမှ အစီအစဉ်တင်ဆက်သူ တစ်ဦးသည် ယူကရိန်းသမ္မတဇီလင်စကီးနှင့် တွေ့ဆုံမေးမြန်းချက်တစ်ရပ် ပြုလုပ်ခဲ့သည်ဟု စိစစ်ရေးဌာနက ၎င်း၏ဝက်ဘ်ဆိုက်နှင့် ဆိုရှယ်မီဒီယာတွင် ဖော်ပြခဲ့သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ယူကရိန်းသမ္မတနှင့် အင်တာဗျူးခဲ့သည့် သတင်းဌာနများကိုလည်း မိမိတို့စုံစမ်းနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
“Roskomnadzon (စိစစ်ရေးဌာန) သည် ဤအင်တာဗျူးအား ဆက်လက်ဖော်ပြခြင်း မပြုရန် လိုအပ်သည်များကို ရုရှားမီဒီယာအား သတိပေးထား” ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။ သတိပေးရသည့် အကြောင်းရင်းကိုမူ မဖော်ပြထားပေ။
သမ္မတဇီလင်စကီးသည် ရုရှားသတင်းဌာန အများအပြားနှင့် တွေ့ဆုံဖြေကြားထားမှုများ ရှိသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။
အင်တာဗျူးနှင့် ပတ်သက်၍ ကြေညာချက်များအပေါ် တရားဝင်အကြံပြုချက်တစ်ရပ် ထုတ်ပြန်မည်ဖြစ်သလို အင်တာဗျူးများ ဖော်ပြခြင်းနှင့် ပတ်သက်၍ တရားဝင်မှုအပိုင်းကိုလည်း အကြံပြုချက် ထုတ်ပြန်မည်ဟု ရုရှားရှေ့နေများက ပြောကြားထားသည်။