- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
မြောက်ကိုရီးယားကို ဒဏ်ခတ်ရန် ကုလတွင် အမေရိကန်အဆိုပြုချက် တရုတ်နှင့်ရုရှား ကန့်ကွက်
မြောက်ကိုရီးယားအား ပြင်းထန်သော ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမေရိကန်ဦးဆောင်ပြီး အဆိုပြုချက်အား တရုတ်နှင့် ရုရှားနိုင်ငံတို့က ကြာသပတေးနေ့တွင် ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
30 May 2022

DMG ၊ မေ ၃၀
မြောက်ကိုရီးယားအား ပြင်းထန်သော ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမေရိကန်ဦးဆောင်ပြီး အဆိုပြုချက်အား တရုတ်နှင့် ရုရှားနိုင်ငံတို့က ကြာသပတေးနေ့တွင် ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဗုဒ္ဓဟူးနေ့က တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားအား ဒဏ်ခတ်သည့်အနေဖြင့် တရားဝင်တင်သွင်းခွင့်ရသည့် လောင်စာဆီပမာဏကို လျှော့ချရန် အဆိုပြုချက်တစ်ရပ်အား အမေရိကန်ဦးဆောင်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပြုချက်အား ကုလလုံခြုံရေးကောင်စီတွင် ၁၃ နိုင်ငံက ထောက်ခံပြီး တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ခဲ့သည်။
တရုတ်သည် မြောက်ကိုရီးယားအပြင် ရုရှားနှင့်လည်း အနီးကပ်ဆက်ဆံရေး ရှိထားသည့်နိုင်ငံဖြစ်ကာ ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍လည်း အနောက်နိုင်ငံများနှင့် ဆက်ဆံရေး မကြေမလည်ဖြစ်လျက်ရှိသည်။ မိမိတို့အနေဖြင့် ပြုံယမ်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များ ပြုလုပ်ခြင်းထက် ကြေညာချက်ထုတ်ပြန်မှုမျိုးကို ပိုမိုလိုလားကြောင်း တရုတ်က ပြောသည်။
အမေရိကန်အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို တစ်ဘက်သတ် ဆောင်ရွက်နေခြင်းမျိုးမပြုလုပ်သင့်ဘဲ နိုင်ငံရေးအရ အဖြေရှာခြင်းမျိုးလည်း ဆောင်ရွက်သင့်သည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ကျန်းယွန်က ပြောသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ယခင်သမ္မတဟောင် ဒေါ်နယ်ထရမ့်နှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သူဖြစ်သည်။
ဘိုင်ဒန်လက်ထက်တွင် မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု ဘိုင်ဒန်အစိုးရအဖွဲ့က အကြိမ်ကြိမ်ပြောကြားနေသော်လည်း အလုပ်ဖြစ်အောင် တွေ့ဆုံလိုသည့်ပုံ မပေါ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ဒုံးကျည်ပစ်လွှတ်မှု ၂၃ ကြိမ်အထိ ရှိခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်း တစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည်ဟု ကုလသမဂ္ဂဆိုင် အမေရိကန်သံအမတ် လင်ဒါသောမက်စ်ဂရင်းဖီးက ပြောကြားသည်။