- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
မြန်မာ့အာဏာသိမ်းမှု ရှုတ်ချသည့်အဆို အမေရိကန်အောက်လွှတ်တော် အတည်ပြု
မြန်မာနိုင်ငံတွင် စစ်တပ်၏အာဏာသိမ်းမှုအား ပြစ်တင်ရှုတ်ချပြီး ဆန္ဒပြသူများအား ပြင်းထန်သော နည်းလမ်းများဖြင့် နှိပ်ကွပ်နေခြင်းကိုလည်း ဝေဖန်သည့် ဆုံးဖြတ်ချက်တစ်ရပ်အား အမေရိကန် အောက်လွှတ်တော်က တစ်ခဲနက် အတည်ပြုလိုက်ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Mar 2021

DMG ၊ မတ် ၂၀
မြန်မာနိုင်ငံတွင် စစ်တပ်၏အာဏာသိမ်းမှုအား ပြစ်တင်ရှုတ်ချပြီး ဆန္ဒပြသူများအား ပြင်းထန်သော နည်းလမ်းများဖြင့် နှိပ်ကွပ်နေခြင်းကိုလည်း ဝေဖန်သည့် ဆုံးဖြတ်ချက်တစ်ရပ်အား အမေရိကန် အောက်လွှတ်တော်က တစ်ခဲနက် အတည်ပြုလိုက်ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုဆုံးဖြတ်ချက်အား ထောက်ခံမဲ ၃၉၈ မဲ၊ ကန့်ကွက်မဲ ၁၄ မဲဖြင့် သောကြာနေ့တွင် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
မြန်မာစစ်တပ်၏ အာဏာရယူမှု၊ အရပ်ဘက်ခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်းမှုကို ရှုတ်ချပြီး ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန်နှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအား လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ပြုရန် အဆိုပါဆုံးဖြတ်ချက်တွင် ထည့်သွင်း တောင်းဆိုထားသည်။
ကြာသပတေးနေ့ကလည်း မြန်မာနိုင်ငံအပေါ် အရေးယူရန် ဥပဒေမူကြမ်းတစ်ရပ်အား အမေရိကန်အောက်လွှတ်တော်တွင် အတည်ပြုခဲ့သည်။
အဆိုပါလွှတ်တော်အား အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုရဦးမည် ဖြစ်သည်။ အဆိုပါဥပဒေအရ သမ္မတဂျိုးဘိုင်ဒန် အစိုးရအဖွဲ့၏ မြန်မာ့အရေး တုံ့ပြန်ဆောင်ရွက်ချက်များအား ကွန်ဂရက်သို့ အစီရင်ခံရမည် ဖြစ်သည်။