- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ထရမ့်ထောက်ခံသူလူအုပ် အမေရိကန်လွှတ်တော် အဆောက်အအုံအတွင်းသို့ ဝင်ရောက်စီးနင်း
အမေရိကန် လွှတ်တော်အဆောက်အအုံတွင် ဗုဒ္ဓဟူးနေ့က ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်အား သမ္မတသစ်အဖြစ် အတည်ပြုရန် လွှတ်တော်အစည်းအဝေးတစ်ရပ် ကျင်းပနေချိန်၌ သမ္မတထရမ့်အားထောက်ခံသူများ အတင်းဝင်ရောက် နှောင့်ယှက်မှုကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။
07 Jan 2021

အမေရိကန် လွှတ်တော်အဆောက်အအုံတွင် ဗုဒ္ဓဟူးနေ့က ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်အား သမ္မတသစ်အဖြစ် အတည်ပြုရန် လွှတ်တော်အစည်းအဝေးတစ်ရပ် ကျင်းပနေချိန်၌ သမ္မတထရမ့်အားထောက်ခံသူများ အတင်းဝင်ရောက် နှောင့်ယှက်မှုကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။
ထရမ့်ထောက်ခံသူ လူအုပ်ကြီးသည် အလံများဝှေ့ရမ်းကာ အဆောက်အအုံရှေ့ရှိ အတားအဆီးများကို ဖြတ်ကျော်ပြီး ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ ဝင်ရောက်သူများအနက် တစ်ဦးဆိုလျှင် ပြောရေးဆိုခွင့်ရ နန်စီပီလော့စီ၏ အလုပ်စားပွဲတွင် ခြေတစ်ဘက်တင်ကာ ဓာတ်ပုံအရိုက်ခံခဲ့သည်။ ပီလော့စီအား ခြိမ်းခြောက်စာများ ရေးသားထားသည့် စာတစ်စောင်လည်း အဆိုပါနေရာတွင် တွေ့ရှိခဲ့ရသည်။
ဖြစ်စဉ်အတွင်း အမျိုးသမီးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ လွှတ်တော်အဆောက်အအုံ အနီး ရှိနေသူများအနက် သုံးဦးသည်လည်း ကျန်းမာရေး အရေးပေါ်အခြေအနေကြောင့် သေဆုံးခဲ့ရသည်ဟု ဝါရှင်တန်ဒီစီရဲချုပ် ရောဘက်ကွန်တီက ပြောကြားသည်။ အဆိုပါသုံးဦးသည် ယခုဖြစ်စဉ်နှင့် ဆက်နွယ်မှုရှိ မရှိကို သေချာမသိရပေ။