- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
အီရတ်နှင့် ဆီးရီးယားရှိ အီရန်အထောက်အပံ့ပေးထားသော တပ်များကို အမေရိကန်က လေကြောင်းတိုက်ခိုက်
အီရတ်နှင့် ဆီးရီးယားရှိ အီရန် ကျောထောက်နောက်ခံ ပေးထားသော လက်နက်ကိုင်တပ်များအား လေကြောင်းတိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်း အမေရိကန်က ဇွန်လ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။ အီရတ်ရှိ အမေရိကန်များနှင့် ဆက်စပ်အဆောက်အအုံများအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း အမေရိကန်က ပြောသည်။
29 Jun 2021

DMG ၊ ဇွန် ၂၉
အီရတ်နှင့် ဆီးရီးယားရှိ အီရန် ကျောထောက်နောက်ခံ ပေးထားသော လက်နက်ကိုင်တပ်များအား လေကြောင်းတိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်း အမေရိကန်က ဇွန်လ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။ အီရတ်ရှိ အမေရိကန်များနှင့် ဆက်စပ်အဆောက်အအုံများအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း အမေရိကန်က ပြောသည်။
ဆီးရီးယားရှိ စစ်ရေးလှုပ်ရှားသော နေရာများနှင့် လက်နက်ဂိုဒေါင်နှစ်နေရာ၊ အီရတ်တွင် တစ်နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဟု အမေရိကန် စစ်တပ်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူ ရှိ မရှိကို ဖော်ပြခြင်း မရှိသော်လည်း ထောက်လှမ်းစုံစမ်းနေကြောင်း အရာရှိများက ပြောကြားသည်။
သမ္မတဘိုင်ဒန်၏ ညွှန်ကြားချက်ဖြင့် ယခုတိုက်ခိုက်မှုများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဘိုင်ဒန်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကလည်း အီရတ်တွင် ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
“ယနေ့ညပိုင်း တိုက်ခိုက်မှုများသည် သမ္မတဘိုင်ဒန်အနေဖြင့် အမေရိကန်အတွက် ကာကွယ်သွားမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသခြင်း” ဖြစ်ကြောင်း ပင်တဂွန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုတိုက်ခိုက်မှုသည် ဘိုင်ဒန်အစိုးရအဖွဲ့က အီရန်နှင့် ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ပြန်လည်သုံးသပ်ရန် အလားအလာ ရှိနေသည့်ကြားက ပေါ်ထွက်လာခြင်း ဖြစ်သည်။ အီရန်ကို လက်တုံ့ပြန်မည့် ဆုံးဖြတ်ချက်သည် အီရန်အစိုးရနှင့် မူဝါဒပိုင်းအရ ထိတွေ့ဆောင်ရွက်မှုများနှင့်အတူ ကာကွယ်ရေး တိုက်ခိုက်မှုများကို သီးခြား ခွဲခြားထားပြီး ဆောင်ရွက်လိုသည့် ဘိုင်ဒန်အစိုးရ၏ ရည်ရွယ်ချက်ကို ဖော်ပြနေခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုပစ်မှတ်ထား ဖျက်ဆီးခဲ့သော နေရာများသည် အီရန်က အထောက်အပံ့ပေးထားသည့် ကာတစ်ဟက်ဇဘိုလာနှင့် ကာတစ်ဆာယစ် အယ်လ်-ရှုဟာဒါ အပါအဝင် လက်နက်ကိုင်အဖွဲ့များ၏ နေရာများ ဖြစ်သည်ဟု ပင်တဂွန်က ပြောသည်။
အဆိုပါနေရာများ အနက် တစ်ခုမှာ ဒရုန်းများ လွှတ်တင်သောနေရာနှင့် ပြန်လည်ပြုပြင်သော နေရာများ ဖြစ်သည်ဟု ကာကွယ်ရေး အရာရှိတစ်ဦးက ပြောသည်။
အီရတ်အစိုးရသည် အမေရိကန်တပ်ဖွဲ့များကို ဒုံးကျည်များဖြင့် ပစ်ခတ်မှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သတ်ဖြတ်မှုများတွင် တာဝန်ရှိသည်ဟု စွပ်စွဲခံထားရသည့် အီရန်နှင့် အမြင်တူသည့် လက်နက်ကိုင်တပ်များကို ကိုင်တွယ် ဖြေရှင်းနေရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။