- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
အမေရိကန်စစ်သင်္ဘောအသစ်၏ ခံနိုင်ရည်ကို အင်အားပြင်းဖောက်ခွဲမှုများဖြင့် စမ်းသပ်
အမေရိကန်ရေတပ်သည် အဆင့်အမြင့်ဆုံး နည်းပညာများဖြင့် ဆောက်လုပ်ထားသည့် လေယာဉ်တင်သင်္ဘောအသစ်၏ စစ်ပွဲတွင်း အသုံးပြုရန် အသင့်ဖြစ်မှုကို အင်အားပြင်း ဖောက်ခွဲမှုများဖြင့် စမ်းသပ်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
21 Jun 2021

DMG ၊ ဇွန် ၂၁
အမေရိကန်ရေတပ်သည် အဆင့်အမြင့်ဆုံး နည်းပညာများဖြင့် ဆောက်လုပ်ထားသည့် လေယာဉ်တင်သင်္ဘောအသစ်၏ စစ်ပွဲတွင်း အသုံးပြုရန် အသင့်ဖြစ်မှုကို အင်အားပြင်း ဖောက်ခွဲမှုများဖြင့် စမ်းသပ်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စမ်းသပ်မှုများအနက် သင်္ဘောတစ်စီးလုံးကို ရှော့ရိုက်စမ်းသပ်မှု (Full Ship Shock Trials) ဟု သိကြသည့် စမ်းသပ်မှုကို ဇွန်လ ၁၈ ရက်နေ့တွင် ပထမဆုံး ပြုလုပ်ခဲ့သည်။ သင်္ဘောသစ် USS Gerald R. Ford အနီးတွင် ပေါက်ကွဲအား ပြင်းထန်သည့် ဧရာမဖောက်ခွဲမှုတစ်ခု ပြုလုပ်ကာ စမ်းသပ်ခြင်း ဖြစ်သည်။
ပေါင် ၄၀၀၀၀ အားပေါက်ပွဲမှုကြောင့် သင်္ဘောအနီး ရေမျက်နှာပြင်ပေါ်သို့ အလွန်ကြီးများသည့် ရေပန်းဖွားများ မြင့်တက်ခဲ့သည်ကို ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များတွင် တွေ့ရသည်။
အမေရိကန်ရေတပ်သည် တိုက်ပွဲများတွင် ကြုံရဖွယ်ရှိသည့် ပြင်းထန်သည့် အခြေအနေများအတွက် လိုအပ်ချက်နှင့် ကိုက်ညီမှုရှိကြောင်း အတည်ပြုနိုင်ရန်အတွက် အင်အားပြင်း ဖောက်ခွဲရေးပစ္စည်းများသုံးကာ သင်္ဘောသစ်၏ ဒီဇိုင်းကို ရှော့ရိုက်စစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စမ်းသပ်မှုများအပြီးတွင် စစ်င်္ဘောအား ထိန်းသိမ်းပြင်ဆင်မှုများ ဆောင်ရွက်သွားမည် ဖြစ်သည်။
စမ်းသပ်ရေပြင်ရှိ အဏ္ဏဝါသက်ရှိများ၏ ရွှေ့ပြောင်းနေထိုင်မှု အမူအကျင့်များကို အလေးထားကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးရေး လိုအပ်ချက်များနှင့်အညီ စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့သည်ဟု အမေရိကန် ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။