- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
အမေရိကန်သမ္မတ၏ ယခုလအာရှခရီးစဉ်အတွင်း ကိုရီးယားစစ်မဲ့ဇုန်သို့ သွားရောက်ရန် စဉ်းစားနေ
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ယခုလနှောင်းပိုင်း အာရှသို့ လာရောက်လည်ပတ်ချိန်တွင် ကိုရီးယားရှိစစ်မဲ့ဇုန်သို့သွားရောက်ရန် စဉ်းစားနေကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီက ကြာသပတေးနေ့တွင် ပြောကြားသည်။
17 May 2022

DMG ၊ မေ ၁၇
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ယခုလနှောင်းပိုင်း အာရှသို့ လာရောက်လည်ပတ်ချိန်တွင် ကိုရီးယားရှိစစ်မဲ့ဇုန်သို့သွားရောက်ရန် စဉ်းစားနေကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီက ကြာသပတေးနေ့တွင် ပြောကြားသည်။
သမ္မတဂျိုးဘိုင်ဒန်သည် မေလ ၂ဝ ရက်မှ ၂၄ ရက်အထိ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ များသို့ သွားရောက်၍ အဆိုင်ပါနိုင်ငံများရှိ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည်ဟု ယူဆရသည်။
အိမ်ဖြူတော်သည် အာရှသို့သွားရောက်မည့်ခရီးစဉ်၏ အစီအစဉ်အသေးစိတ်ကို အပြီးသတ်နေဆဲဖြစ်သော်လည်း ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသော ကြီးမားသောခံတပ်ဖြစ်သည့် စစ်မဲ့ဇုံသို့ သွားရောက်သည့်ခရီးစဉ်သည် အဆိုပါဒေသသို့ သွားရောက်သူတို့ လုပ်ဆောင်ကြသည့်အရာ ဖြစ်ကြောင်း ဂျန်ဆာကီက ပြောကြားသည်။
သမ္မတမဖြစ်လာမီ ဂျိုးဘိုင်ဒန်ကိုယ်တိုင်နှင့် အမေရိကန်သမ္မတဟောင်း အများအပြားတို့သည် စစ်မဲ့ဇုန်သို့ သွားရောက်လည်ပတ်ခဲ့ကြသော်လည်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် မြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအန်နှင့် တတိယအကြိမ်တွေ့ဆုံပွဲကို ၂ဝ၁၉ ခုနှစ် ဇွန်လတွင် အဆိုပါနေရာ၌ ပြုလုပ်ခဲ့သောကြောင့် မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးနှင့် အဆိုပါနေရာ၌ ပထမဆုံးတွေ့ဆုံဖူးသူ ဖြစ်လာခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား သူ၏နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို စွန့်လွှတ်ရန် ဖြားယောင်းသွေးဆောင်သည့် ဒေါ်နယ်ထရမ့်၏ မအောင်မြင်ခဲ့သော ကြိုးပမ်းအားထုတ်မှုများထဲမှ တစ်ခုဖြစ်ခဲ့သည်။
အဆိုပါစစ်မဲ့ဇုန်သည် ကမ္ဘာ့နောက်ဆုံး စစ်အေးခေတ်နယ်စပ်ဒေသအဖြစ် မကြာခဏ ဖော်ပြခံရလေ့ရှိပြီး ငြိမ်းချမ်းရေးစာချုပ်ထက် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ဖြင့် ပြီးဆုံးသွားခဲ့သော ၁၉၅ဝ-၅၃ ကိုရီးယားစစ်ပွဲ ကတည်းက တည်ရှိနေခဲ့သည်။
မြောက်ကိုရီးယားသည် ၂ဝ၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မကြာသေးမီကပင် လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ယခုနှစ်အတွင်း တိုက်ချင်းပစ်ဒုံးကျည် (ICBM) ပစ်လွှတ်မှုကို ပြန်လည်စတင်ခဲ့သည်။
မြောက်ကိုရီးယား၏ တစ်ခုတည်းသော နျူကလီးယားစမ်းသပ်ရာ နေရာဖြစ်သည့် ပြုံဂူရီတွင် ဆောက်လုပ်ရေးလုပ်ငန်း အသစ်တည်ဆောက်မည့် အရိပ်အယောင်များ ရှိနေကြောင်း အမေရိကန်နှင့် တောင်ကိုရီးယား တာဝန်ရှိသူများ ပြောကြားနေသည်မှာ သီတင်းပတ်များစွာ ရှိနေပြီဖြစ်သည်။ မြောက်ကိုရီးယားသည် ပြုံဂူရီ၌ နောက်ထပ် ဗုံးတစ်လုံး စမ်းသပ်နိုင်ခြေ ရှိနေကြောင်းလည်း အဆိုပါနိုင်ငံများက ပြောကြားထားသည်။