- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ထိုင်ဝမ်အတွက် ဒေါ်လာ ၉၅ သန်းတန်ဖိုးရှိ ဒုံးကျည်ကာကွယ်ရေးစနစ် အထောက်အပံ့များ ရောင်းချရန် အမေရိကန်အတည်ပြု
ထိုင်ဝမ်၏ ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ်ကို အထောက်အပံ့ပေးရန်အတွက် အမေရိကန်ဒေါ်လာ ၉၅ သန်းအထိ တန်ဖိုးရှိသည့် လေ့ကျင့်သင်ကြားရေးနှင့် ပစ္စည်းကိရိယာများ ရောင်းချရန် အတည်ပြုကြောင်း အမေရိကန်အစိုးရက အင်္ဂါနေ့တွင် ကြေညာလိုက်သည်။
07 Apr 2022

DMG ၊ ဧပြီ ၇
ထိုင်ဝမ်၏ ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ်ကို အထောက်အပံ့ပေးရန်အတွက် အမေရိကန်ဒေါ်လာ ၉၅ သန်းအထိ တန်ဖိုးရှိသည့် လေ့ကျင့်သင်ကြားရေးနှင့် ပစ္စည်းကိရိယာများ ရောင်းချရန် အတည်ပြုကြောင်း အမေရိကန်အစိုးရက အင်္ဂါနေ့တွင် ကြေညာလိုက်သည်။
ထိုင်ဝမ်၏ ပဲ့ထိန်းဒုံးကျည်သိပ်သည်းဆကို ရေရှည်ခိုင်မာစေရန်နှင့် လေကြောင်းစစ်ဆင်ရေးများအတွက် အသင့်ဖြစ်နေစေရန် ယခုအဆိုပြုထားသည့် ရောင်းချမှုက ကူညီပေးမည်ဟု ပင်တဂွန် ကာကွယ်ရေးလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုင်ဝမ်အနေဖြင့် လေ့ကျင့်သင်ကြားရေးနှင့် ပစ္စည်းကိရိယာများအား ဒေသတွင်းခြိမ်းခြောက်မှုများကို ဟန့်တားရေးနှင့် ပြည်တွင်းကာကွယ်ရေးကို အင်အားဖြည့်ရေးတို့အတွက် အသုံးပြုနိုင်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက လက်နက်ရောင်းချရန် သဘောတူညီချက်အား ကြိုဆိုလိုက်ပြီး ဤအချက်က ဘေကျင်း၏ စစ်ရေးချဲ့ထွင်မှုနှင့် လုံ့ဆော်မှုများကို ကာကွယ်ရေးအတွက် အကူအညီဖြစ်စေမည် ဟုလည်း ပြောကြားသည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး တစ်ချိန်ချိန်တွင် လိုအပ်လာပါက အင်အားဖြင့်သိမ်းပိုက်မည်ဟု ပြောကြားထားသည်။
ယခုရောင်းချမှုသည် သမ္မတဘိုင်ဒန်လက်ထက်တွင် တတိယအကြိမ် ရောင်းချမှုဖြစ်သည်။
ဝါရှင်တန်သည် ဘေကျင်းနှင့် သံတမန်ရေးဆက်ဆံရေးကို ၁၉၇၉ ခုနှစ်တွင် စတင်အသိအမှတ်ပြုခဲ့သော်လည်း ထိုင်ဝမ်အတွက် လက်နက်ရရှိရေးတွင် အဓိကရောင်းချသူအဖြစ် ရှိနေဆဲဖြစ်သည်။
ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်နက်တွင် ထိုင်ဝမ်အား လက်နက်ရောင်းချမှုများ တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး အဆိုပါရောင်းချမှုများတွင် ဒရုန်းများ၊ ပဲ့ထိန်းဒုံးစနစ်များနှင့် မျိုးဆက်သစ် ဂျက်တိုက်လေယာဉ်များ ပါဝင်သည်။