- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ရုရှားကျူးကျော်စစ်ကို ထောက်ခံပါက ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း တရုတ်ကို အမေရိကန် သတိပေး
ယူကရိန်းအပေါ် ဆင်နွှဲနေသည့် ကျူးကျော်စစ်ကြောင့် ရုရှားတို့ ဒဏ်ခတ်ပိတ်ဆို့မှုများ ရင်ဆိုင်နေရသည်ကို ကြည့်လျှင် ရုရှားကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပါက မည်ကဲ့သို့ ရလဒ်များ ရင်ဆိုင်ရမည်ကို တရုတ်အနေဖြင့် “ရှင်းရှင်းလင်းလင်း နားလည်” မည်ဖြစ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းက ပြောကြားလိုက်သည်။
08 Apr 2022

DMG ၊ ဧပြီ ၈
ယူကရိန်းအပေါ် ဆင်နွှဲနေသည့် ကျူးကျော်စစ်ကြောင့် ရုရှားတို့ ဒဏ်ခတ်ပိတ်ဆို့မှုများ ရင်ဆိုင်နေရသည်ကို ကြည့်လျှင် ရုရှားကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပါက မည်ကဲ့သို့ ရလဒ်များ ရင်ဆိုင်ရမည်ကို တရုတ်အနေဖြင့် “ရှင်းရှင်းလင်းလင်း နားလည်” မည်ဖြစ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းက ပြောကြားလိုက်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ရုရှားစီးပွားရေး၊ ရုရှားသူဌေးသူကြွယ်များ အပေါ် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှု တစ်သီတစ်တန်း ချမှတ်ထားခြင်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်အတွက် နမူနာတစ်ရပ်အဖြစ် ရှုမြင်သင့်ကြောင်း ရှားမန်းက ဧပြီလ ၆ ရက်နေ့တွင် ပြောကြားသည်။
ယူကရိန်းအရေးနှင့် ပတ်သက်၍ အနောက်နိုင်ငံများနှင့် မဟာမိတ်များက တညီတညွတ်တည်း တုံ့ပြန်ကြသည်ကိုကြည့်ပြီး ဘေကျင်းနေဖြင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်အပေါ် အင်အားသုံးလာလျှင် လက်ခံမည်မဟုတ်ကြောင်း သင်ခန်းစာယူနိုင်မည်ဟုလည်း သူကပြောသည်။
တရုတ်သည် ရုရှား၏ ကျူးကျော်စစ်ကို ရှုတ်ချရန် ငြင်းဆန်ထားသလို ကျူးကျော်စစ်ဟုလည်း မသတ်မှတ်ပေ။ ဘေကျင်းအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများအား တကူးတက သတိထားရှောင်ရှားနေမည် မဟုတ်သော်လည်း အနောက်နိုင်ငံများ၏ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း ဝေဖန်ကြောင်း တရုတ် အကြီးတန်းသံတမန်တစ်ဦးက ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားသည်။
ဘေကျင်းနှင့် မော်စကိုအကြားတွင် ဆက်ဆံရေးသည် ပြီးခဲ့သည့်နှစ်များအတွင်း အထူးတိုးတက်ခဲ့ပြီး ပြီးခဲ့သော ဖေဖော်ဝါရီလတွင်လည်း နှစ်နိုင်ငံအကြား အကန့်အသတ်မရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။
တရုတ်၏ စီးပွားရေးအနာဂတ်သည် အနောက်နိုင်ငံများနှင့် ဆက်နွယ်နေခြင်းဖြစ်ပြီး ရုရှားနှင့် မဟုတ်ကြောင်း တရုတ်တို့ သိထားပြီးသားဟုလည်း သမ္မတဘိုင်ဒန်က ပြောကြားထားသည်။