- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
လေမှတစ်ဆင့် အလျင်အမြန် ကူးစက်နိုင်သည့် ကိုဗစ်မျိုးကွဲသစ် ဗီယက်နမ်တွင် တွေ့ရှိ
ဗီယက်နမ်နိုင်ငံတွင် လေထုတွင်း မြန်မြန်ဆန်ဆန် ပျံ့နှံ့ကူးစက်နိုင်သည့် ကိုဗစ်မျိုးကွဲသစ်အား တွေ့ရှိထားကြောင်း နိုင်ငံပိုင် မီဒီယာက စနေနေ့တွင် ဖော်ပြသည်။ ယခုမျိုးကွဲသည် အိန္ဒိယနှင့် ဗြိတိန်တွင် အကြီးအကျယ် ပျံ့နှံ့ခဲ့သည့် ကူးစက်မြန် မျိုးကွဲနှစ်ရပ်ကို ပေါင်းစပ်ထားသည့် မျိုးကွဲလည်း ဖြစ်သည်။
31 May 2021

DMG ၊ မေ ၃၁
ဗီယက်နမ်နိုင်ငံတွင် လေထုတွင်း မြန်မြန်ဆန်ဆန် ပျံ့နှံ့ကူးစက်နိုင်သည့် ကိုဗစ်မျိုးကွဲသစ်အား တွေ့ရှိထားကြောင်း နိုင်ငံပိုင် မီဒီယာက စနေနေ့တွင် ဖော်ပြသည်။ ယခုမျိုးကွဲသည် အိန္ဒိယနှင့် ဗြိတိန်တွင် အကြီးအကျယ် ပျံ့နှံ့ခဲ့သည့် ကူးစက်မြန် မျိုးကွဲနှစ်ရပ်ကို ပေါင်းစပ်ထားသည့် မျိုးကွဲလည်း ဖြစ်သည်။
အိန္ဒိယနှင့် ယူကေတွင် ပျံ့နှံ့နေသည့် ကိုဗစ်နှစ်မျိုး ပေါင်းစပ်ထားသော မျိုးစိတ်သစ်အား ဗီယက်နမ်တွင် တွေ့ရှိထားကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီး ငုယင်သန်းလောင်းက ကပ်ဘေးဆိုင်ရာ နိုင်ငံတော်အစည်းအဝေး ပြုလုပ်စဉ် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း မီဒီယာတွင် ဖော်ပြသည်။
ဗီယက်နမ်သည် ဟမ်နွိုင်းနှင့် ဟိုချီမင်းကဲ့သို့ မြို့ကြီးများအပါအဝင် နိုင်ငံဧရိယာ ထက်ဝက်ခန့်၌ ကိုဗစ်ကူးစက်မှု အသစ်များ အလျင်အမြန် မြင့်တက်လာခြင်းကို ရင်ဆိုင်နေရသည်။
ကျန်းမာရေးဝန်ကြီး၏ ပြောကြားချက်မတိုင်မီက ဗီယက်နမ်တွင် ကိုဗစ်မျိုးကွဲ စုစုပေါင်း ခုနစ်မျိုး တွေ့ရှိထားသည်။
ယခုဗိုင်းရပ်စ်သစ်သည် လေထုမှတစ်ဆင့် အလျင်အမြန် ပျံ့နှံ့ကူးစက်သလို တံတွေးအတွင်း ဗိုင်းရပ်စ်တိုးပွားမှုသည်လည်း အလွန်မြန်ဆန်ပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့နှုန်း အလွန်ပြင်းထန်ကြောင်း ဝန်ကြီးက ပြောသည်။
ဗိုင်းရပ်အသစ် ကူးစက်ခံထားရသူ အရေးအတွက်ကိုမူ ဝန်ကြီးက ထုတ်ပြောခြင်း မရှိပေ။
ဗီယက်နမ်သည် အစောပိုင်းတွင် ကိုဗစ်စည်းကမ်းများကို တင်းကြပ်စွာ ကိုင်တွယ်မှု၊ လူအုပ်စုလိုက်ကို ကွာရန်တင်းနေရာများတွင် ထိန်းသိမ်းမှုနှင့် ကူးစက်မှု လမ်းကြောင်းကို တိတိကျကျ နောက်ယောင်ခံ လိုက်ခြင်းတို့ကြောင်း ကူးစက်နှုန်း အလွန်နည်းပါးခဲ့သည့် နိုင်ငံဖြစ်သည်။
ဗီယက်နမ်၌ ကိုဗစ်ကပ်ဘေး စတင်ချိန်မှ လက်ရှိအထိ ကူးစက်မှုစုစုပေါင်း ၇ ထောင်နီးပါးနှင့် သေဆုံးသူ ၄၇ ဦးရှိကြောင်း Worldometer ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်းတွင် ၂၀၂၁ မေလ ၃၀ ရက် နေ့လယ်ပိုင်းအထိ ကိုဗစ်ကူးစက်မှုစုစုပေါင်း သန်း ၁၇၀ ကျော်၊ သေဆုံးသူစုစုပေါင်း ၃ သန်းခွဲ ရှိသွားပြီဖြစ်သည်။