- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
မြန်မာ့အရေးအတွက် အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်မှု ကုလအကြီးအကဲ ကြိုဆို
မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အကျပ်အတည်းကို ကူညီအဖြေရှာရေးအတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်လိုက်ခြင်းအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောကြားလိုက်သည်။
06 Aug 2021

DMG ၊ ဩဂုတ် ၆
မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အကျပ်အတည်းကို ကူညီအဖြေရှာရေးအတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်လိုက်ခြင်းအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောကြားလိုက်သည်။
ဘရူနိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဝင်ယူဆော့အား မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မှုသည် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရေးအတွက် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရေးတွင် “အရေးပါသော ခြေလှမ်းတစ်ရပ်” ဖြစ်သည်ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာပြည်သူလူထု၏ သဘောထားကို လေးစားရမည် ဖြစ်သလို တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး၊ ရေရှည်ဖွံ့ဖြိုးရေးနှင့် လူ့အခွင့်အရေးတို့ကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ကြေညာချက်၌ ထည့်သွင်း ဖော်ပြထားသည်။
မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများ ရပ်တန့်ရန် တောင်းဆိုချက်ကိုလည်း မစ္စတာဂူတားရက်စ်က ထပ်မံပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ လက်ရှိအချိန်အထိ ဖြစ်ပွားလျက်ရှိသော နိုင်ငံရေးပဋိပက္ခများအတွင်း သေဆုံးသူစုစုပေါင်း ၉၄၈ ဦးရှိကာ ဖမ်းဆီးခံထားရသူ ၅၄၉၇ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ သြဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံအဖွဲ့က ခန့်အပ်လိုက်သည့် မြန်မာ့အရေး အထူးကိုယ်စားလှယ် အာဝင်ယူဆော့သည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ မြန်မာစစ်တပ်နှင့် စစ်တပ်ကို ဆန့်ကျင်သူများအကြား တွေ့ဆုံဆွေးနွေးမှုများ စီစဉ်ပေးရေး၊ မြန်မာလူထုအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးတို့ကို တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။