- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ထိုင်ဝမ်အရေးနှင့် ပတ်သက်လာလျှင် စစ်ပွဲစတင်ရန် ဝန်လေးနေမည်မဟုတ်ဟု အမေရိကန်ကို တရုတ်သတိပေး
ထိုင်ဝမ်ကသာ လွတ်လပ်ရေးကြေညာလာမည် ဆိုပါက ဘေဂျင်းအနေဖြင့် ‘စစ်ပွဲတစ်ရပ်စတင်ရန် ဝန်လေးနေမည်မဟုတ်’ ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
13 Jun 2022

DMG ၊ ဇွန် ၁၃
ထိုင်ဝမ်ကသာ လွတ်လပ်ရေးကြေညာလာမည် ဆိုပါက ဘေဂျင်းအနေဖြင့် ‘စစ်ပွဲတစ်ရပ်စတင်ရန် ဝန်လေးနေမည်မဟုတ်’ ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စင်္ကာပူတွင် ကျင်းပသည့် ရှန်ဂရီလာစကားဝိုင်းဆွေးနွေးပွဲတွင် တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်းဟီနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ သောကြာနေ့က မျက်နှာချင်းဆိုင် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဒီမိုကရေစီနည်းကျ သီးခြားအုပ်ချုပ်လျက်ရှိသော ထိုင်ဝမ်ကျွန်းဆွယ်ကို တရုတ်က ၎င်းတို့၏ ပိုက်နက်အဖြစ် ရှုမြင်ပြီး လိုအပ်လာပါက ထိုင်ဝမ်ကို အင်အားသုံးသိမ်းပိုက်မည်ဟုလည်း ပြောကြားထားသည်။
“တစ်ယောက်ယောက်ကများ ထိုင်ဝမ်ကို တရုတ်ကနေ ခွဲထုတ်ရဲခဲ့မယ်ဆိုလို့ကတော့ တရုတ်စစ်တပ်အနေနဲ့ ဘယ်လောက်ပဲ ရင်းရရင်းရ စစ်ပွဲတစ်ပွဲ စတင်ဖို့ ဝန်လေးနေမှာ မဟုတ်တာတော့ သေချာတယ်” ဟု ဝေက အော်စတင်ကို အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝူကျင်က ဝန်ကြီး၏စကားကို ကိုးကားပြီး ပြောကြားသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ပြီးခဲ့သောလက ဂျပန်သို့ အလည်အပတ်ရောက်ရှိစဉ် တရုတ်တို့ ထိုင်ဝမ်ကို တိုက်ခိုက်လာပါက ဝါရှင်တန်အနေဖြင့် ထိုင်ဝမ်ဘက်က စစ်ရေးအရ ကာကွယ်ပေးနိုင်ခြေ ရှိနေသည်ဟု ပြောကြားခဲ့သည်။
အမေရိကန်-တရုတ် ဆက်ဆံရေးသည် ပြီးခဲ့သည့်လများအတွင်း ထိုင်ဝမ်ကျွန်းဆွယ် အရေးနှင့် ပတ်သက်ပြီး တင်းမာမှုများ အထူးမြင့်တက်လျက်ရှိသည်။