ဒေါက်တာအေးမောင် နှင့် စာရေးဆရာ ဝေဟင်အောင် လွတ်မြောက်ရေး ဆုတောင်း

07 Aug 2018

ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို သြဂုတ်လ ၅ ရက်နေ့က စစ်တွေမြို့မှာပြုလုပ်ခဲ့ကြပါတယ်။

စစ်တွေမြို့ပေါ်မှ ကျူးကျော်များကိုဖယ်ရှားရန် ပြည်နယ်အစိုးရစီစဉ်

06 Aug 2018

စစ်တွေမြို့အတွင်းက ကျူးကျော်နေထိုင်သူတွေကိုဖယ်ရှားသွားဖို့အတွက် ရခိုင်ပြည်နယ်အစိုးရက စီစဉ်နေပြီး လတ်တလောမှာတော့ ကျူးကျော်နေထိုင်သူတွေရဲ့စာရင်းကို ကောက်ယူပြုစုနေတယ်လို့ သိရပါတယ်။ ကျူးကျော်နေထိုင်သူတွေဟာ စစ်တွေမြို့အတွင်းက မီးလောင်မြေနေရာတွေနဲ့ အစိုးရပိုင်မြေနေရာတွေမှာ နေထိုင်နေကြတာဖြစ်တဲ့အတွက် ဒါတွေကိုဖယ်ရှားပြီး အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မင်းဂံရပ်ကွက်ကမြေနေရာမှာ ပြန်လည်နေရာချထားပေးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စည်ပင်ဝန်ကြီးဦးဝင်းမြင့်ကပြောပါတယ်။

သတင်း - နေဝင်းစံ

သက်ငယ်မုဒိမ်းမှုလျော့ကျရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

06 Aug 2018

မောင်တောမြို့နယ်မှာ သက်ငယ်မုဒိမ်းမှု လျော့ကျရေးအတွက် အထက (၁) ကျောင်းခန်းမမှာ ဇူလိုင်လ သြဂုတ်လ ၂ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှ ကြီးမှူးပြီး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီအသိပညာပေးဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေနဲ့ မြို့ပေါ် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေက တက်ရောက်ခဲ့ကြပါတယ်။

မောင်တောမြို့မှာ ယာဉ်စည်းကမ်းအသိပညာပေး

06 Aug 2018

မောင်တောမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးတာတွေနဲ့ မော်တောယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေရဲ့ တန်ချိန်တွေကို မောင်တောခရိုင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းဦးစီးဌာနက တိုင်းတာမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဝံသ (မောင်တော)

ရှစ်လေးလုံးအထိမ်းအမှတ် တစ်ကိုယ်တော်ပန်းချီပြပွဲ ပြုလုပ်မည်

စိမ်းကိုကို 31 Jul 2018

ရခိုင်တိုင်းရင်းသား ပန်းချီဆရာတစ်ဦးဖြစ်တဲ့ မောင်မောင်စော(ရခိုင်ညွှ့န်ဖူး)ရေးဆွဲတဲ့ ပန်းချီကား ၈၀ ကျော်ပါဝင်တဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲကို လာမယ့် သြဂုတ်လ ၈ ရက်နေ့ကစတင်ပြီး အမှတ်(၁) ပန်းချီပြခန်း၊ အမှတ် ၁၇ တက္ကသိုလ်ရိပ်သာလမ်း ဗဟန်းမြို့နယ်မှာကျင်းပသွားမယ်လို့ သိရပါတယ်။

မိုးသည်းထန်မှုကြောင့် ကျောက်တော်က စာသင်ကျောင်းများ ပိတ်ထားရ

31 Jul 2018

ကျောက်တော်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ကျေးရွာသုံးရွာရှိ အခြေခံပညာကျောင်းတွေ ခေတ္တပိတ်ပင်ထားရတယ်လို့ သိရပါတယ်။ ဒီအပတ်အတွင်း ရခိုင်ပြည်နယ် မြို့နယ်အများစုမှာ မိုးများနေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေပြီး ကျောက်တော်မြို့နယ်မှာ လမ်းတွေရေလျှံနေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ 

စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ မိသားစုဝင်တွေကို သက်ဆိုင်ရာက ဖယ်ရှား

စိမ်းကိုကို 30 Jul 2018

ရခိုင်ပြည်နယ်၊ စစ်တွေလေယာဉ်ကွင်းပိုင်မြေအတွင်း ငှားရမ်းကာ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ မိသားစုဝင်တွေကို သက်ဆိုင်ရာက ဇူလိုင်လ ၂၀ ရက်နေ့ အပြီးဖယ်ရှားပေးရန် စာထုတ်လိုက်တဲ့အတွက် စိုက်ပျိုးရေးလုပ်ကိုင်နေ တဲ့ မိသားစုဝင် ၂၀ ခန့်ဟာ နေအိမ်တွေကိုပြောင်းရွေ့နေကြပါတယ်။ 

ဦးအောင်သန်းဝေ အာမခံလျှောက်ထားမှု တရားရုံးပယ်ချ

ခိုင်ရိုးလ 30 Jul 2018

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်းဦးတင်မောင်ဆွေကို ဝေဖန်ပြောဆိုမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဦးအောင်သန်းဝေရဲ့အမှု အာမခံလျှောက်ထားချက်ကို ဇူလိုင်လ ၂၅ ရက်နေ့ရုံးချိန်းမှာ စစ်တွေမြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။

ကျေးရွာသစ်တည်ဆောက်ဖို့ လွှတ်တော်သို့ သင်္ဘောကွေ့ကျေးရွာသားတွေ တင်ပြ

26 Jul 2018

အစိုးရက နိုင်ငံတကာဖိအားကြောင့် သင်္ဘောကွေ့ကျေးရွာကို ဖျက်သိမ်းလိုက်တာကြောင့် တိုင်းရင်းသားတွေမှာ နေစရာအခက်အခဲဖြစ်နေတဲ့အတွက် ဇူလိုင်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌထံ ကျေးရွာသစ်တည်ဆောက်ပေးဖို့ ရွာသားတွေ တင်ပြတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

ရခိုင်တွင် ခရုမှတစ်ဆင့် ရောဂါကူးစက်

ခိုင်ရိုးလ 26 Jul 2018

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က စတင်တွေ့ရှိခဲ့တဲ့ ရေချိုခရုကတစ်ဆင့် ကူးစက်တတ်တဲ့ သံကောင်ရောဂါဟာ ကလေးတွေမှာ အများဆုံးဖြစ်တတ်ပြီး မြောက်ဦးနဲ့ ပေါက်တောမြို့နယ်တွေမှာ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ALD မှ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသူကို ANP ကိုယ်စားလှယ်လောင်း ကန့်ကွက်

25 Jul 2018

ရခိုင်ဒီမိုကရေစီအချုပ်ချုပ်ပါတီ (ALD) က အရွေးခံမယ့် ဦးသိန်းမောင်ကို ရခိုင်အမျိုးသားပါတီ(ANP) က အရွေးခံမယ့် ဦးမောင်လှမြင့်က ရွေးကောက်ပွဲကော်မရှင်ထံ စာပို့ကန့်ကွက်ထားပြီး ဦးသိန်းမောင်ဟာ ရခိုင်အမျိုးသားပါတီဝင်ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတစ်ခုတည်းနဲ့ ကန့်ကွက်ထားတာလို့ သိရပါတယ်။

ကျောက်ဖြူ SEZ မှ ဒေသခံများ၏ ရပိုင်ခွင့်များကို တောင်းဆို

25 Jul 2018

ကျောက်ဖြူ SEZ တည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်လို့ ဇူလိုင်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ကျောက်ဖြူမြို့နယ်အတွင်းက တောင်သူလယ်သမားတွေနဲ့ ရေလုပ်သားတွေဟာ တွေ့ဆုံပွဲတစ်ရပ်ကိုပြုလုပ်ခဲ့ပြီးတော့ တွေ့ဆုံပွဲရလဒ်အဖြစ် အချက် ၁၆ ချက်ပါဝင်တဲ့ သဘောထားထုတ်ပြန်ချက်ကို တောင်းဆိုထုတ်ပြန်ခဲ့ကြ ပါတယ်။

ဒေါက်တာအေးမောင်တို့အမှု တရားလိုသက်သေတွေကို စစ်ဆေးပြီးစီး

ခိုင်ရိုးလ 24 Jul 2018

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို စွဲဆိုထားတဲ့အမှုသုံးခုထဲက အမှုနှစ်ခုရဲ့ တရားလိုသက်သေတွေကို ဇူလိုင်လ ၂၃ ရက်နေ့မှာ စစ်ဆေးမှုပြီးစီးခဲ့ပြီလို့ ဒေါက်တာအေးမောင်ရဲ့ အမှုလိုက်ရှေ့နေဆီက သိရပါတယ်။ 

ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးကိစ္စတွေကို ဆွေးနွေး

18 Jul 2018

ရခိုင်ပြည်နယ်ကနေရပ်စွန့်ခွာများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဇူလိုင် ၁၇ ရက်နေ့မှာ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဦးဆောင်တဲ့ ဝန်ကြီးဌာနအဖွဲ့နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

သတင်း - နေဝင်းစံ

ကျောက်ဖြူအဝေးပြေးကားကွင်း ပြောင်းရွှေ့မည်ဆိုသည့်သတင်းကြောင့် ဒေသခံများစိုးရိမ်နေ

18 Jul 2018

အဝေးပြေးကားဂိတ်ကို မြို့နဲ့(၃) မိုင်ခန့် ဝေးကွာတဲ့နေရာသို့ ပြောင်းရွှေ့လိုက်မယ်ဆိုရင် ကုန်တင်ကုန်ချ၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ဈေးမြင့်တက်လာနိုင်သလို ခရီးသွားပြည်သူတွေအတွက်လည်း အဆင်မပြေနိုင်ဘူးလို့ အဝေးပြေးကားကွင်း ဂိတ်မှူးတွေက ပြောဆိုကြပါတယ်။

သတင်း - ခိုင်မင်း(ကျောက်ဖြူ)

ရခိုင် ခရိုင်မြို့ ၅ မြို့တွင် CCTV တပ်ဆင်သွားမည်

18 Jul 2018

ရခိုင်ပြည်နယ်ရဲ့ ခရိုင်မြို့တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မောင်တောနဲ့ မြောက်ဦးမြို့တွေမှာ လုံခြုံရေးပိုမိုကောင်းမွန်လာစေဖို့ CCTV ကင်မရာတွေ တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

ဟိန္ဒူဘာသာဝင်များ၏ ဘုရားရှင် ရှရီ ဂျဂနားသ် ပန်းရထားဆွဲပွဲ ကျင်းပ

15 Jul 2018

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဇူလိုင်လ(၁၄)ရက်နေ့ ညနေပိုင်းက ဟိန္ဒူဘာသာဝင်တွေရဲ့ ဘုရားရှင်ကို ပူဇော်ကျင်းပသော ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ရှရီ ဂျဂနားသ် ရသ်ယာသရာ ပန်းရထားဆွဲ ပွဲတော်ကြီးကို ၁၆ ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား စတဲ့မြို့နယ်တွေက ဟိန္ဒူဘာသာဝင် တစ်သောင်းခန့် လာရောက်ဆင်နွဲခဲ့ကြတယ်လို့ သိရပါတယ်။

အဝေးရောက်ရခိုင်တွေ အိမ်ကိုပြန်လာနိုင်ဖို့ ကျောက်ဖြူ SEZ ကို ထောက်ခံကြိုဆို

15 Jul 2018

အဲဒီထောက်ခံကြိုဆိုပွဲကို ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး အထူးစီးပွားရေးဇုန် ပြုလုပ်မယ့်နေရာမှာ ပါဝင်သွားတဲ့ မြေပိုင်ရှင်တွေလည်း ထောက်ခံကြိုဆိုခဲ့ကြကာ အဲဒီအခမ်းအနားကို လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

သတင်း - နေရောင်မင်း (စစ်တွေ)

မောင်တောအဝေးသင်ဌာနခွဲ လျှောက်လွှာထုတ်ယူသူ ၅၃ ဦးနှင့် လျှောက်လွှာတင်သူ ၁၀ ဦးအထိရှိလာ

13 Jul 2018

မောင်တောခရိုင်အတွင်းဖွင့်လှစ်သင်ကြားမယ့် အဝေးသင်တက္ကသိုလ်ဌာနခွဲကို တက်ရောက်နိုင်ရန်အတွက် လျှောက်လွှာတွေကို မောင်တောခရိုင် ပညာရေးမှူးရုံးက ထုတ်ပေးလျှက်ရှိရာ ဇူလိုင်လ ၁၃ ရက်နေ့ အထိ လျှောက်လွှာ ထုတ်ယူသူ ၅၃ ဦးနှင့် လျှောက်လွှာ လာတင်တဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးရှိ တယ်လို့ သိရပါတယ်။

ရခိုင်အစိုးရအဖွဲ့ ဦးတင်မောင်ဆွေရဲ့ အသုံးချခံမဖြစ်ဖို့ ဦးအောင်သန်းဝေပြော

11 Jul 2018

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ယခင်အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေရဲ့ အသုံးချခံမဖြစ်ဖို့ လိုတယ်လို့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ စစ်တွေမြို့မိ၊မြို့ဖအဖွဲ့ဝင်ဦးအောင်သန်းဝေက ဇူလိုင်လ ၁၁ ရက်နေ့ ဒုတိယအကြိမ်ရုံးထုတ်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Showing 41-60 of 358 items.