သင်္ဘောကွေ့ကျေးရွာရှိ နေအိမ်တွေကို အစိုးရမှ ယနေ့ အပြီးသတ်ဖြိုဖျက်နေ

10 Jul 2018

 သင်္ဘောကွေ့ကျေးရွာမှာရှိနေတဲ့ နေအိမ် ၄၈ လုံးကို အစိုးရမှ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ကစပြီး အပြီးသတ်ဖြိုဖျက်နေကာ အဲဒီမှာနေထိုင်တဲ့ တိုင်းရင်းသားတွေကို အခြားနေရာသို့ ပြောင်းရွှေ့ပေးနေတယ်လို့ သိရပါတယ်။ အစိုးရကတော့ တိုင်းရင်းသားတွေကို အရင်ကစီစဉ်ထားတဲ့အတိုင်း အင်းဒင်ကျေးရွာသို့ ပြောင်းရွှေ့မှာ ဖြစ်သလို၊ အခြားနေရာသို့ သွားလိုလျှင်လည်း စီစဉ်ပေးမယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောပါတယ်။

ရခိုင်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းသူ ၄ ဦးသာရှိ

စိမ်းကိုကို 10 Jul 2018

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်အတွင်း လစ်လပ်နေတဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ရွေးချယ်ခံနိုင်ဖို့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ အရေအတွက်မှာ ဇူလိုင်လ ၁၀ နေ့အထိ ၄ ဦးသာရှိတယ်လို့ စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။

သတင်း - စိမ်းကိုကို

ဒေါက်တာအေးမောင် ၁၆ ကြိမ်မြောက်ရုံးချိန်းမှာ တရားလိုပြသက်သေကို စစ်ဆေး

ခိုင်ရိုးလ 09 Jul 2018

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ဒီကနေ့ဇူလိုင်လ ၉ ရက်နေ့မှာ (၁၆)ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး သူတို့နှစ်ဦးကိုစွဲဆိုထားတဲ့အမှု ၃ မှုလုံးမှာ တရားလိုပြသက်သေဖြစ်တဲ့ ရသေ့တောင်ရဲစခန်းက ရဲတပ်ကြပ်ကြီး ယဉ်လှကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

မောင်တော UNDP ရုံးကို လာမည့်သီတင်းတစ်ပတ်အတွင်း ဖွင့်လှစ်မည်

05 Jul 2018

 မောင်တောမှာ တစ်နှစ်ကျော်ကြာ ရပ်နားထားခဲ့ရတဲ့ UNDP ရဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်လုပ်ဆောင်နိုင်ဖို့အတွက် လာမယ့်သီတင်းပတ်အတွင်း UNHCR ရဲ့ ခြံဝန်းအတွင်းမှာ UNDP ရုံးဖွင့်လှစ်ဖို့ ရှိတယ်လို့ သိရပါတယ်။

သတင်း- နေရောင်မင်း (စစ်တွေ)

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း ကြိုဆိုထောက်ခံပွဲ ပြုလုပ်မည်

04 Jul 2018

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း ကြိုဆိုထောက်ခံပွဲကို လာမယ့်ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြုလုပ် သွားမှာဖြစ်တယ်လို့ ကြိုဆိုထောက်ခံပွဲကိုဦးဆောင်မယ့် ကျောက်ဖြူခရိုင် ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဆီက သိရပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်သွင်းခြင်းမရှိသေး

စိမ်းကိုကို 03 Jul 2018

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အမည်စာရင်းတင်သွင်းတာတွေမရှိသေးဘူးလို့ စစ်တွေခရိုင်ရွေးကာက်ပွဲ ကောက်မရှင်အဖွဲ့ခွဲရုံးကသိရပါတယ်။

သတင်း - စိမ်းကိုကို

သိုင်းချောင်းကျေးရွာအုပ်စုမှာ သားဖွားဆရာမတစ်ဦး အစားထိုးချထားပေးရန် လိုလား

02 Jul 2018

 ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာအုပ်စုမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ရန်အတွက် သူနာပြု၊ သားဖွားဆရာမတစ်ဦး အစားထိုးခန့်ထားဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

တောဖျားချောင်းက ရေနစ်မြုပ်ကျေးရွာများကို ကယ်ဆယ်ရေးပစ္စည်းများ သွာရောက်ပေးအပ်

ခိုင်ရိုးလ 30 Jun 2018

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက မိုးအဆက်မပြတ်ရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုတွေကြောင့် ရေနစ်မြုပ်ခံခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသအတွင်း ကျေးရွာတွေကို ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်းမှ ဇွန်လ ၃၀ ရက်နေ့က ကယ်ဆယ်ရေးပစ္စည်းတွေကို သွားရောက်ပေးအပ်ခဲ့ပါတယ်။

သတင်း - ခိုင်ရိုးလ

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် လှေစီးဒုက္ခသည်(၁၂)ဦးနှင့် လာရောက်တွေ့ဆုံ

30 Jun 2018

မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံး ခိုင်သဇင်ခန်းမမှာ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁၂ ဦးနှင့် ကောင်စစ်ဝန်တို့ တွေ့ဆုံရာမှာတော့ သူတို့ ၁၂ ရဲ့ ကိုယ်ရေးမှတ်တမ်းတွေကို ရယူခြင်းများအပါဝင် တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဝံသ(မောင်တော)

နိုင်ငံတကာဖိအားကြောင့် ကိုယ်ထူကိုယ်ထကျေးရွာသစ်ကို ဖျက်ပေးရန် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ညွှန်ကြား

29 Jun 2018

 နိုင်ငံတကာဖိအားကြောင့် မောင်တောမြို့နယ်မှာ ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ သင်္ဘောကွေ့ကျေးရွာသစ်ကို ဖျက်ပေးဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

သတင်း - နေရောင်မင်း (စစ်တွေ)

လယ်ယာမြေဥပဒေဖြင့် ထောင်ချခံထားရသူနှစ်ဦး ပြည်နယ်တွင် ထပ်မံအယူဝင်မည်

အောင်ကောင်းဇော် 29 Jun 2018

လယ်ယာမြေဥပဒေဖြင့် ထောင်ချခံထားရသူနှစ်ဦး ပြည်နယ်တွင် ထပ်မံအယူဝင်မည် (ရုပ်သံ) မာန်အောင်မြို့နယ် လေယာဉ်ကွင်းတိုးချဲ့ရာတွင် မြေယာပါဝင်သွားပြီး လျှော်ကြေးငွေ မယူတဲ့အတွက် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၅ ဖြင့် မာန်အောင်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၇ လ ချမှတ်ခံရသူ နှစ်ဦးမှာ ဇွန်လ ၂၅ ရက်နေ့က ခရိုင်တရားရုံးမှ အယူခံဝင်ရာရှုံးနိမ့်ခဲ့တဲ့အတွက် ပြည်နယ်တရားရုံးသို့ထပ်မံအယူခံဝင်သွားမယ်လို့ ထောင်ဒဏ်ကျခံနေရသူ ဦးဖြူသီးခိုင်ရဲ့ သားဖြစ်သူ ကိုအောင်လင်းထွန်းက ဆိုပါတယ်။

သတင်း - အောင်ကောင်းဇော်

ဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်မှု မမှန်ကန်ကြောင်း ရခိုင်လွှတ်တော်ဆုံးဖြတ်

စိမ်းကိုကို 29 Jun 2018

ရခိုင်ပြည်နယ်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးတို့က စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်ပြီး စုံစမ်းဆေးမှုရလဒ်တွေကို ဒီကနေ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းမှာ မဲခွဲဆုံးဖြတ်ကြရာ ရှုံးနိမ့်တဲ့အတွက် စွပ်စွဲပြစ်တင်မှု မမှန်ကြောင်းရခိုင်ပြည်နယ် လွှတ်တော်ကိုဆုံးဖြတ်ခဲ့တာပါ။

သတင်း - စိမ်းကိုကို

အိုင်စီအာစီဟာ ကြားနေလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်

ခိုင်ရိုးလ 28 Jun 2018

Mr. Peter Maurer ရဲ့ ရခိုင်ခရီးစဉ်မှာ ဘူသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို သွားရောက်ကာ ရခိုင်၊ ဟိန္ဒူနဲ့ ဘင်္ဂ ါလီလူထုတွေနဲ့ တွေ့ဆုံခဲ့သလို ဒီနေ့မနက် စစ်တွေမြို့အရပ်ဖက်အဖွဲ့စည်းတွေနဲ့ တွေဆုံခဲ့တဲ့အခါ ကြားနေတဲ့ ဘက်လိုက်မှုမရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သက်သက်ဖြစ်တဲ့ လုပ်ငန်းတွေအပေါ်မှာ နားလည်မှုလွဲနေတာကို ရှင်းလင်းနိုင်ခဲ့တဲ့ အခွင့်လမ်းတွေ ရရှိခဲ့တယ်လို့လည်း သူကပြောပါတယ်။

အစဉ်အလာမပျက် ကျင်းပလာတဲ့ မာန်အောင်က ရွက်တပ်လှေငယ်ပြိုင်ပွဲ

အောင်ကောင်းဇော် 28 Jun 2018

ရွက်လှေငယ်တွေပြိုင်ပွဲကို ဒေသတွင်းမှာ ကျင်းပလာတာဟာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ပြီဖြစ်ပြီးတော့ ဒေသတွင်းမှာရှိတဲ့ ကျေးရွာအသီးသီးက ရွက်လှေငယ် အစီးရေ ၈၃ စီးကျော် လာရောက်ယှဉ်ပြိုင်နေကြတာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီက တာဝန်ရှိသူ ဦးခင်မောင်ကြီးကပြောပါတယ်။

အိုင်စီအာစီဥက္ကဋ္ဌ နှင့် စစ်တွေမြို့ပေါ်က လူမှုအဖွဲ့အစည်းများ တွေ့ဆုံ

စိမ်းကိုကို 28 Jun 2018

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ အိုင်စီအာစီရဲ့ ဥက္ကဋ္ဌ Peter Maurer ဟာ ဒီကနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့ပေါ်က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သတင်း - စိမ်းကိုကို

အစိုးရတစ်ရပ်ရဲ့ ပုံရိပ်ကျသွားရင် နိုင်ငံအုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေကို သွားထိခိုက်တယ်

ခိုင်ရိုးလ 27 Jun 2018

အစိုးတစ်ရပ်ရဲ့ ပုံရိပ်ကျသွားရင် နိုင်ငံအုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေကို သွားထိခိုက်တယ်လို့ ဖမ်းဆီးခံထားရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဇွန်လ ၂၇ ရက်နေ့ ၁၅ ကြိမ်မြောက်ရုံးထုတ်မှာ ပြောဆိုလိုက်ပါတယ်။

သတင်း - ခိုင်ရိုးလ

ICRC ဥက္ကဋ္ဌ၏ ရခိုင်ပြည်ခရီးစဉ်မှာ အစိုးရအပါအဝင် ရခိုင်၊ ဘင်္ဂါလီအသိုင်းအဝိုင်းများနှင့် တွေ့ဆုံမည်

26 Jun 2018

ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ရဲ့ ဥက္ကဋ္ဌ Peter Maurer (ပီတာမော်ရာ)ရဲ့ ရခိုင်ခရီးစဉ်မှာ အစိုးရအပါအဝင် ရခိုင်အသိုင်းအဝိုင်း၊ ဘင်္ဂါလီအသိုင်းအဝိုင်းတွေနဲ့တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်ချက်တွေအပေါ် ဆွေးနွေးသွားမယ်လို့ ICRC က သတင်း ထုတ်ပြန်ထားပါတယ်။

သတင်း - နေဝင်းစံ / DMG

အသားဈေးတစ်ပိဿာကို ၁၄၀၀၀ ကျပ်အထိမြင့်တက်၊ စားသုံးသူများအခက်တွေ့

24 Jun 2018

မောင်တောမြို့နယ်မှာ အသားဈေးတစ်ပိဿာကို ၁၄၀၀၀ ကျပ်အထိ မြင့်တက်နေပြီး စားသုံးသူတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

သိမ်းဆည်းလယ်ယာမြေမှာ မူလပိုင်ရှင်က ထွန်ယက်ဖို့ ကြိုးစားတာကို ရဲတပ်ဖွဲ့တား

24 Jun 2018

တောင်ကုတ်မြို့နယ် ကြိုးကြာကွင်းကျေးရွာက ဦးစိုးဝင်းပိုင်ဆိုင်တဲ့ ဆင်လိန်ကွင်းအမှတ် ၆၈-က ၃ ဧက ကို တောင်ကုတ်မြို့ အမှတ် (၅) စစ်ဆင်ရေးကွက်ကဲမှူဌာနချုပ် (စ.က.ခ-၅) က သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

စားဝတ်နေရေးအဆင်ပြေဖို့ အခက်အခဲပေါင်းစုံနဲ့ လုပ်ကိုင်နေရတယ်လို့ ကျော့ပိုက်ရေလုပ်သားတွေပြော

22 Jun 2018

သံတွဲခရိုင်အတွင်းက ငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်နေကြတဲ့ ရေလုပ်သားအများစုဟာ ဘဝအာမခံချက် မရှိသလို သူတို့တွေရဲ့ အလုပ်ဟာ အသက်အန္တရယ်စိုးရိမ်ရပေမယ့် စာဝတ်နေရေး အဆင်ပြေဖို့အတွက် အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကျော့ပိုက်ရေလုပ်သားတွေက ပြောပါတယ်။

Showing 61-80 of 358 items.