- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည့် အရပ်သားများကို ပြန်လွှတ်ပေး
“ရွှေပြည်သစ်ကားကနေ ကျနော်တို့ ထိန်းသိမ်းထားတဲ့သူတွေထဲက စစ်ဘက်နဲ့မပတ်သက်တဲ့အရပ်သားတွေ ပေါ့။ အဲဒီထဲမှာ ပန်းရံလုပ်သား (၉)ယောက်ပါတယ်။ပြီးတော့ ကားသမားသုံးယောက်ပေါ့။သူတို့ကိုတော့ စစ်ဘက်နဲ့ပတ်သက်မှုမရှိတဲ့အတွက် မနေ့ညက လုံလုံခြုံခြုံနဲ့ ကောင်းကောင်းမွန်မွန်လွှတ်ပေးလိုက်တယ်”
28 Oct 2019

ခင်သရဖီဦး| DMG
အောက်တိုဘာ ၂၈၊ စစ်တွေ
ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည့် မီးသတ်တပ်ဖွဲ့အပါအဝင် အရပ်သား (၃၁)ဦးအနက် အရပ်သား (၁၂) ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။
အောက်တိုဘာလ ၂၇ ရက်နေ့က မြောက်ဦးမြို့နယ်၊ ကံစောက်ကျေးရွာအနီးတွင် ကျေးရွာရှိတာဝန်ရှိ သူများထံ အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်များကို AA ဘက်က လွဲှပြောင်းပေးအပ်ခဲ့သည်။
“ရွှေပြည်သစ်ကားကနေ ကျနော်တို့ ထိန်းသိမ်းထားတဲ့သူတွေထဲက စစ်ဘက်နဲ့မပတ်သက်တဲ့အရပ်သားတွေ ပေါ့။ အဲဒီထဲမှာ ပန်းရံလုပ်သား (၉)ယောက်ပါတယ်။ပြီးတော့ ကားသမားသုံးယောက်ပေါ့။သူတို့ကိုတော့ စစ်ဘက်နဲ့ပတ်သက်မှုမရှိတဲ့အတွက် မနေ့ညက လုံလုံခြုံခြုံနဲ့ ကောင်းကောင်းမွန်မွန်လွှတ်ပေးလိုက်တယ်”ဟု ခိုင်သုခက ပြောသည်။
၎င်းတို့ကို ယနေ့ (အောက်တိုဘာလ ၂၈ ရက်နေ့)တွင် မြောက်ဦးမြို့ အဝေးပြေးကားဂိတ်သို့ ကျေးရွာသားများက ပို့ဆောင်ပေးခဲ့သည်ဟု အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။
“ကျနော်တို့ကို လက်ခံပါပြောလို့ ကျနော်တို့အနေနဲ့ သူတို့မှာပါလာတဲ့ လူ ၁၂ယောက်ကို မြောက်ဦးကားဂိတ်ကို ပို့ပေးလိုက်တယ်။ သူတို့က ကားဂိတ်မှာ အသိတွေရှိတယ်လို့ ပြောတာကြောင့်ပါ ။ ကျန်တာတော့ ကျနော်လည်း မသိဘူး” ဟု ၎င်းက ဆိုသည်။
ဆက်လက်ဖမ်းဆီးထားသော မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း လုံခြုံရေးအခြေအနေပေါ်တွင်မူတည်၍ လွှတ် ပေးရန်အစီအစဉ်ရှိသည်ဟု ခိုင်သုခက ပြောသည်။
“ကျန်တဲ့မီးသတ်အဖွဲ့ဝင်တွေကိုတော့ လွှတ်ပေးဖို့ အစီအစဉ်တော့ရှိတယ်။သို့သော် လုံခြုံရေး အခြေအနေ ပေါ်မှာမူတည်တယ်”ဟု ၎င်းကဆိုသည်။
အောက်တိုဘာလ (၁၀) ရက်နေ့၊ မြောက်ဦးမြို့နယ်၊ ထမရာဇ်ကျေးရွာအနီးတွင် ဒု-မီးသတ်ဦးစီးမှူးတစ်ဦး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် (၁၉)ဦးနှင့် ခရီးသည် (၁၂) ဦးကို လုံခြုံရေးအရဟုဆိုကာ AA က ဖမ်းဆီးသွားခြင်းဖြစ်သည်။