- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
တရုတ်အာကာသလွန်းပျံယာဉ်အစိတ်အပိုင်းတစ်ခု ရခိုင်ပင်လယ်ပြင်သို့ ကျရောက်
တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအစိတ်အပိုင်းတစ်ခုမှာ ယနေ့(ဒီဇင်ဘာ ၁၀ ရက်) နံနက် ၆ နာရီခွဲအချိန်က ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် မာန်အောင်မြို့နယ်အနီး ပင်လယ်ပြင်သို့ကျရောက်ခဲ့ကြောင်း ဒေသခံများကပြောသည်။
10 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၀
တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအစိတ်အပိုင်းတစ်ခုမှာ ယနေ့(ဒီဇင်ဘာ ၁၀ ရက်) နံနက် ၆ နာရီခွဲအချိန်က ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် မာန်အောင်မြို့နယ်အနီး ပင်လယ်ပြင်သို့ကျရောက်ခဲ့ကြောင်း ဒေသခံများကပြောသည်။
ကောင်းကင်မှအလင်းတန်းကြီးတစ်ခုသည် မာန်အောင်မြို့၏အနောက်တောင်ဖက် ပင်လယ်ထဲသို့ကျသွားသည်ကိုတွေ့မြင်လိုက်ပြီး ပေါက်ကွဲသံ ၂ ချက်ကြားလိုက်ရကြောင်း မာန်အောင်မြို့နယ်၊ ကအီးကျေးရွာမှ ဒေသခံ ကိုမောင်းသန့်ဇင်ကပြောသည်။
"အရင်အတိုင်းဘဲ ပေါက်ကွဲသံ ၂ ချက်ကြားလိုက်ရတယ်။ ကောင်းကင်က အလင်းတန်းကျလာပြီးတော့ပေါ့။ ကျန်တာတော့ ဘာမှမကြားရတော့ဘူး"ဟု ၎င်းကဆိုသည်။
တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအစိတ်အပိုင်းတစ်ခု ရခိုင်ပင်လယ်ပြင်အတွင်းသို့ ဒီဇင်ဘာ ၆ ရက်နေ့မှ ၁၂ ရက်နေ့အတွင်းကျရောက်မည်ဖြစ်၍ သင်္ဘောနှင့် ငါးဖမ်းလှေများကိုမထွက်ကြရန် နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ အသိပေးစာထုတ်ပြန်ထားသည်။
ယင်းအာကာသယာဉ်အစိတ်အပိုင်းမှာ မာန်အောင်လေဆိပ်၏အနောက်တောင်ဖက် ရေမိုင် ၂၈ မိုင်၊ သံတွဲလေဆိပ်မှ ရေမိုင် ၁၈ မိုင်၊ ပုသိမ်လေဆိပ်မှ ရေမိုင် ၆၁ မိုင်အတွင်း ကျရောက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
တရုတ်အာကာသလွန်းပျံမှ အစိတ်အပိုင်း ရခိုင်ပင်လယ်ပြင်သို့ ယနေ့ကျရောက်ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း ကျိန္တလီမြို့ငါးလုပ်ငန်းဦးစီးဌာနမှ ဦးကိုကိုနိုင်က ပြောသည်။
ယင်းသို့ပေါက်ကွဲသံကြောင့် တုန်ခါမှုဖြစ်ပေါ်ကာ ပင်လယ်ပြင်အတွင်းနေထိုင်သည့် ရေနေသတ္တာဝါများထိခိုက်ပြီး ရှားပါးလာမည်ကိုစိုးရိမ်ကြောင်း စိုးရိမ်ကြောင်း ရေလုပ်သား ကိုအောင်မြင့်ကဆိုသည်။
"ခဏခဏပေါက်ကွဲတော့ တုန်ခါမှုကြောင့် ငါးတွေပုဇွန်တွေ ရေနေသတ္တဝါတွေကတော့ သေကြမှာဘဲ။ ကမ်းပေါ်ကတောင် တော်တော်မြည်နေတာ။ နောက်ပိုင်း ရေနေသတ္တဝါတွေရှားပါးခြင်းဖြစ်လာမှာကို စိုးရိမ်မိတယ်"ဟု ၎င်းကပြောသည်။
ရခိုင်ပင်လယ်ပြင်အတွင်းသို့ တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအပိုင်းအစကျရောက်ခြင်းမှာ ယခုတတိယအကြိမ်မြောက်ဖြစ်သည်။
တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအစိတ်ပိုင်းများကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့တွင်တစ်ကြိမ် စွန့်ပစ်ခဲ့၍ ရခိုင်ပင်လယ်ပြင်အတွင်း ကျရောက်ခဲ့သည်။