- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
AA က ဖမ်းဆီးထားသည့် မီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦးကိုပြန်လွှတ်ပေး
ရခိုင့်တပ်တော် (AA) က ဖမ်းဆီးထားသည့် မီးသတ်တပ်ဖွဲ့ဝင် (၁၂) ဦး ပြန်လည်လွတ်မြောက်လာသည်ဟု အမည်မဖော်လိုသည့် ကံစောက်ကျေးရွာသားတစ်ဦးက DMG ကို ပြောသည်။
28 Oct 2019

ခင်သရဖီဦး| DMG
အောက်တိုဘာ ၂၈၊ စစ်တွေ
ရခိုင့်တပ်တော် (AA) က ဖမ်းဆီးထားသည့် မီးသတ်တပ်ဖွဲ့ဝင် (၁၂) ဦး ပြန်လည်လွတ်မြောက်လာသည်ဟု အမည်မဖော်လိုသည့် ကံစောက်ကျေးရွာသားတစ်ဦးက DMG ကို ပြောသည်။
အောက်တိုဘာလ ၂၇ ရက်နေ့က မြောက်ဦးမြို့နယ်၊ ကံစောက်ကျေးရွာအနီးတွင် ကျေးရွာရှိတာဝန်ရှိ သူများထံ အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်များကို AA ဘက်က လွဲှပြောင်းပေးအပ်ခဲ့သည်။
၎င်းတို့ကို ယနေ့ (အောက်တိုဘာလ ၂၈ ရက်နေ့)တွင် မြောက်ဦးမြို့ အဝေးပြေးကားဂိတ်သို့ ကျေးရွာသားများက ပို့ဆောင်ပေးခဲ့သည်ဟု အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။
“ကျနော်တို့ကို လက်ခံပါပြောလို့ ကျနော်တို့အနေနဲ့ သူတို့မှာပါလာတဲ့ လူ ၁၂ယောက်ကို မြောက်ဦးကားဂိတ်ကို ပို့ပေးလိုက်တယ်။ သူတို့က ကားဂိတ်မှာ အသိတွေရှိတယ်လို့ ပြောတာကြောင့်ပါ ။ ကျန်တာတော့ ကျနော်လည်း မသိဘူး” ဟု ၎င်းက ဆိုသည်။
မြောက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့်လည်း ပြန်လွှတ်ပေးသည့်သတင်းကိုသာ သိရှိရပြီး ဌာနသို့မရောက်သေးကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစံထွန်းက ပြောသည်။
“ကျနော်တို့လည်း မသိသေးဘူးခင်ဗျာ။ ကြားတော့ကြားမိတယ်။ ကျနော်တို့ဆီကိုလည်း လာရောက်တာ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို DMGက ဆက်သွယ် ရန် ကြိုးစားနေဆဲဖြစ်သည်။
အောက်တိုဘာလ ၁၀ ရက်နေ့၊မြောက်ဦးမြို့နယ်၊ ထမရာဇ်ကျေးရွာအနီးတွင် ဒု-မီးသတ်ဦးစီးမှူးတစ်ဦး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၉ဦးနဲ့ ခရီးသည် (၁၂) ဦးကို လုံခြုံရေးအရဟုဆိုကာ AA ကဖမ်းဆီး သွားခြင်းဖြစ်သည်။