- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
စစ်တွေဟိုတယ်အနောက်ဘက် မြေနေရာတွင် အကွက်ရိုက်ကျူးကျော်မှုများ ထပ်မံရှိလာ
စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ စစ်တွေဟိုတယ်အနောက်ဘက်ရှိ မြေနေရာတွင် အကွက်ရိုက်ကျူးကျော် ထားသည်များကို စည်ပင်မှဖယ်ရှားခဲ့သော်လည်း ယခုအခါ အကွက်ရိုက်ကျူးကျော်မှုများ ထပ်မံရှိလာသည်ကို တွေ့ရသည်။
04 May 2022
DMG ၊ မေ ၄
စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ စစ်တွေဟိုတယ်အနောက်ဘက်ရှိ မြေနေရာတွင် အကွက်ရိုက်ကျူးကျော် ထားသည်များကို စည်ပင်မှဖယ်ရှားခဲ့သော်လည်း ယခုအခါ အကွက်ရိုက်ကျူးကျော်မှုများ ထပ်မံရှိလာသည်ကို တွေ့ရသည်။
အဆိုပါမြေနေရာတွင် အကွက်ရိုက်ကျူးကျော်ထားသည်များကို ပြီးခဲ့သည့်ဧပြီလ ၂၇ ရက်နေ့က မြို့နယ်စည်ပင်နှင့် ရပ်ကွက်တာဝန်ရှိသူတို့က သွားရောက်ဖယ်ရှားခဲ့သည်။ သို့သော်လည်း ကျူးကျော်မှုများမှာထပ်မံရှိလာနေသည်။
အနောက်စံပြရပ်ကွက်မှ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက “အဲဒီမှာ သေသေချာချာဆောက်ထားတဲ့ တဲတစ်လုံးရှိတယ်။ နောက်ပြီး ဆောက်လက်စ တဲအငယ်လေးတွေက သုံးဆယ်လောက်ရှိနေပြီ။ တိုင်တွေစိုက်ပြီး ကြိုးတွေနဲ့ အကွက်ရိုက်ထားတာက ၃၀၀ ကျော်လောက်ရှိတယ်”ဟု DMG သို့ ပြောသည်။
ကျူးကျော်အကွက်ရိုက်ရာတွင်ပါဝင်သော အမည်မဖော်လိုသူတစ်ဦးက “သူတို့တွေကလာပြီး အကွက်ရိုက်နေကြတော့ ကျွန်မတို့ကလည်း ရမလားဆိုပြီး အကွက်တစ်ကွက်လောက်တော့ သွားယူထားပါတယ်။ ဖယ်ရင်လည်း ခံရမှာပေါ့။ အချို့လူတွေဆိုရင် အဲဒီနေရာတွေကို အကွက်ရိုက်တယ်။ ပြီးတော့လေးငါးသောင်းနဲ့တောင် ပြန်ရောင်းနေကြပြီ”ဟု ဆိုသည်။
ထိုသို့ အကွက်ရိုက်ကျူးကျော်နေမှုများကို မတ်လ ၂ ရက်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကပြောသည်။
“လက်ရှိမှာတော့ အဲဒီနေရာမှာ ဘယ်သူတွေကျူးကျော်နေတယ်ဆိုတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စာရင်းပြုစု ခိုင်းထားတယ်။ ပြီးရင်လုပ်ထုံးလုပ်နည်းအရ မြေတိုင်းတာမှုနဲ့ လိုအပ်တာတွေကို ဆက်ပြီးလုပ်သွားမှာပါ”ဟု ၎င်းကဆိုသည်။
အဆိုပါမြေနေရာမှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် အသုံးပြုရန်အတွက် စစ်တွေဟိုတယ်သို့ ပိုင်ဆိုင်ကြောင်းမြေလွှဲကျထားသည့်နေရာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။