- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
- "ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop
- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
၉/၁၁ နှစ်ပတ်လည်နေ့အကြို အကြမ်းဖက်မှုသတိပေးချက် အမေရိကန်ထုတ်ပြန်
စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှု နှစ်ပတ်လည်နေ့နှင့် နီးကပ်လာချိန်၌ အကြမ်းဖက်မှုအန္တရာယ် အကြံပေးချက်တစ်ရပ်ကို အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာနက သောကြာနေ့တွင် ထုတ်ပြန်လိုက်သည်။
14 Aug 2021

DMG | သြဂုတ် ၁၄
စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှု နှစ်ပတ်လည်နေ့နှင့် နီးကပ်လာချိန်၌ အကြမ်းဖက်မှုအန္တရာယ် အကြံပေးချက်တစ်ရပ်ကို အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာနက သောကြာနေ့တွင် ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်မှုဆိုင်ရာ အမျိုးသားအကြံပေးစနစ် ထုတ်ပြန်ချက်၌ အမေရိကန်ပြည်ထောင်စုသည် ပြည်တွင်း အကြမ်းဖက်သမားများ၏ ရန်ကိုသာမက ပြည်ပအကြမ်းဖက်သမားများနှင့် အခြားသော ပြည်ပ မလိုမုန်းထားသူများ၏ လွှမ်းမိုးမှုဖြင့် လှုံ့ဆော်သိမ်းသွင်းခံရသူများ၏ ရန်ကိုပါ ရင်ဆိုင်နေရသည်ဟု ဖော်ပြထားသည်။
ယခုထုတ်ပြန်လိုက်သည့် အကြံပေးချက်သည် ၂၀၂၁ ဇန်နဝါရီလက သမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံသူများ အမေရိကန်လွှတ်တော် အဆောက်အအုံကို ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ထုတ်ပြန်ခဲ့သည့် သတိပေးချက်ကို ပြင်ဆင်ဖြည့်စွက်ကာ ထပ်မံထုတ်ပြန်ခြင်း ဖြစ်သည်။
နိုင်ငံသည် အစိုးရကို ဆန့်ကျင်သူများနှင့် လူမျိုးရေးအစွန်းရောက်သူများကြောင့် ရှုပ်ထွေးပြီး အကဲဆတ်သည့် အန္တရာယ်များ မြင့်တက်လာမှုကို ရင်ဆိုင်နေရသည်ဟု ထိုစဉ်က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါသတိပေးချက်အား မေလတွင် ထပ်မံပြင်ဆင်ပြီး အစွန်းရောက်သူများသည် ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဖြေလျှော့လာမှုကို အခွင့်ကောင်းယူပြီး တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ကြောင်း ဖြည့်စွက် ထုတ်ပြန်ခဲ့သည်။
ယခုထုတ်ပြန်သည့် အကြံပြုချက်ကို သြဂုတ်လ ၁၃ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ အချိန်ကာလ သတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာနကို ၂၀၀၁ စက်တင်ဘာလ ၁၁ ရက်နေ့ တိုက်ခိုက်မှုများ ရင်ဆိုင်ရပြီးနောက် ဖွဲ့စည်းခဲ့ပြီး အခါအားလျော်စွာ အကြမ်းဖက်မှု သတိပေးချက်များ ထုတ်ပြန်လေ့ရှိသည်။