- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့် ဘေဂျင်းတွင် နေအိမ်မှသာ အလုပ်လုပ်ကြရန် အာဏာပိုင်များ ညွှန်ကြား
တရုတ်ပြည် ဘေဂျင်းတွင် ကိုဗစ်ကူးစက်မှုများ အလွန်အမင်း မြင့်တက်လျက်ရှိသဖြင့် အာဏာပိုင်များက ဝန်ထမ်းများနှင့် ကျောင်းသားများအား နေအိမ်တွင်း၌သာ ဆက်လက်နေထိုင်ကြရန် ညွှန်ကြားထားသလို စစ်ဆေးမှုအများအပြား ထပ်မံပြုလုပ်ရန်လည်း တနင်္လာနေ့တွင် ညွှန်ကြားလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
24 May 2022

DMG ၊ မေ ၂၄
တရုတ်ပြည် ဘေဂျင်းတွင် ကိုဗစ်ကူးစက်မှုများ အလွန်အမင်း မြင့်တက်လျက်ရှိသဖြင့် အာဏာပိုင်များက ဝန်ထမ်းများနှင့် ကျောင်းသားများအား နေအိမ်တွင်း၌သာ ဆက်လက်နေထိုင်ကြရန် ညွှန်ကြားထားသလို စစ်ဆေးမှုအများအပြား ထပ်မံပြုလုပ်ရန်လည်း တနင်္လာနေ့တွင် ညွှန်ကြားလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အာဏာပိုင်များသည် ဘေဂျင်းရှိ လူနေအိမ်ရာအများအပြားကို အဝင်အထွက် ကန့်သတ်ထားသည်။ လတ်တလောတွင်မူ ဘေဂျင်းအခြေအနေသည် ရှန်ဟိုင်းလောက် မဆိုးသေးပေ။
ရှန်ဟိုင်းတွင် ပြည်သူ သန်းပေါင်းများစွာအား ကန့်သတ်ချက်များ အဆင့်ဆင့်ခွဲကာ လောဒေါင်းချထားသည်မှာ နှစ်လဝန်းကျင် ရှိနေပြီဖြစ်သည်။
ဘေဂျင်းတွင် ကူးစက်သူအရေအတွက်သည် ရှေ့ရက်များက ပျမ်းမျှ ၅၀ ဦးဝန်းကျင် ရှိခဲ့ရာက တနင်္လာနေ့ထုတ်ပြန်ချက်အရ အစောပိုင်း ၂၄ နာရီအတွင်း ကူးစက်မှုစုစုပေါင်း ၉၉ ဦးအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
တရုတ်တစ်ပြည်လုံး အတိုင်းအတာဖြင့် ကူးစက်မှုစုစုပေါင်းသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၈၀၂ ဦးရှိခဲ့ကြောင်း အာဏာပိုင်များက တနင်္လာနေ့တွင် ထုတ်ပြန်သည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများတွင် အစိုးရများသည် ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရေး မူကို ကျင့်သုံးလျက်ရှိသော်လည်း တရုတ်သည် “ကိုဗစ်သုည” မူဝါဒကို ကျင့်သုံးကာ ကိုဗစ်ကူးစက်မှု လုံးဝမရှိရေး စည်းကမ်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။