- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
- "ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop
- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား လုပ်ကြံရန်ကြံစည်မှုဖြင့် မြန်မာနှစ်ဦးကို အမေရိကန်တွင် ဖမ်းဆီး
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား လုပ်ကြံရန် သို့မဟုတ် အန္တရာယ်ပြုရန် ကြံစည်မှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦးအား နယူးယောက်မြို့တွင် ဖမ်းဆီးလိုက်ကြောင်း အမေရိကန်အာဏာပိုင်များက သောကြာနေ့တွင် ပြောကြားလိုက်သည်။
06 Aug 2021

DMG ၊ သြဂုတ် ၇
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား လုပ်ကြံရန် သို့မဟုတ် အန္တရာယ်ပြုရန် ကြံစည်မှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦးအား နယူးယောက်မြို့တွင် ဖမ်းဆီးလိုက်ကြောင်း အမေရိကန်အာဏာပိုင်များက သောကြာနေ့တွင် ပြောကြားလိုက်သည်။
၎င်းတို့နှစ်ဦးသည် မြန်မာစစ်တပ်ကို လက်နက်များ ရောင်းချပေးနေသည့် ထိုင်းနိုင်ငံရှိ လက်နက်မှောင်ခိုသမား တစ်ဦးနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားအရာရှိတစ်ဦးအား တိုက်ခိုက်ရန်ကြံစည်မှုဖြင့် အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်နှင့် အသက် ၂၀ အရွယ် ရဲဟိန်းဇော်တို့နှစ်ဦးကို တရားစွဲဆိုထားကြောင်း အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ တောင်ပိုင်းခရိုင် အစိုးရရှေ့နေရုံးက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။
ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ၎င်းတို့နှစ်ဦးသည် အမြင့်ဆုံး ထောင်ဒဏ် ငါးနှစ်အထိ ကျခံရဖွယ်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်က ဦးကျော်မိုးထွန်းအား ရာထူးမှ ထုတ်ပယ်ခဲ့သည်။ သို့သော် ကုလသမဂ္ဂသည် မြန်မာစစ်တပ်အား အသိအမှတ် မပြုသောကြောင့် ဦးကျော်မိုးထွန်းသည် NUG အစိုးရကို ကိုယ်စားပြုကာ မြန်မာနိုင်ငံ၏ သံအမတ်အဖြစ် ဆက်လက်ရှိနေခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံရှိ လက်နက်မှောင်ခိုသမား တစ်ဦးက သူ့ကို အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ကာ ဦးကျော်မိုးထွန်းကို တိုက်ခိုက်ရန် ငွေပေး ခိုင်းစေခဲ့ခြင်း ဖြစ်ကြောင်း ဖြိုးဟိန်းထွဋ်က အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) သို့ ဝန်ခံခဲ့သည်ဟု ဆိုသည်။
ဤအဆင့်ဖြင့် မရပါက ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန်အထိ အစီအစဉ် အဆိုပါ လက်နက်မှောင်ခိုသမားက ပြောကြားခဲ့သည်ဟု ဆိုသည်။ ၎င်းတို့နှစ်ဦးသည် ဦးကျော်မိုးထွန်း၏ကား တိမ်းမှောက်ပြီး ၎င်းဒဏ်ရာရအောင် ပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း ထွက်ဆိုချက်များအရ သိရသည်။
ဇူလိုင်လ နှောင်းပိုင်းတွင် ရဲဟိန်းဇော်သည် ဖြိုးဟိန်းထွဋ်အား ဆက်သွယ်လာပြီး အမေရိကန်ဒေါ်လာ ၄၀၀၀ အား နှစ်ကြိမ်ခွဲကာ လွှဲပေးခဲ့သည်။ တိုက်ခိုက်မှု ပြုလုပ်ပြီးပါက ဒေါ်လာငွေ ၁၀၀၀ ထပ်မံရရှိဦးမည်ဟု ဖြိုးဟိန်းထွဋ်က FBI ထံတွင် ထွက်ဆိုခဲ့သည်။
ငွေလွှဲမှုကို ရဲဟိန်းဇော်ဘက်က ဝန်ခံခဲ့သလို သူသည် အခြားသူများထံသို့လည်း လက်နက်မှောင်ခိုသမား ကိုယ်စား ပုံမှန်ငွေလွှဲပေးမှုများ ရှိသည်ဟု ဝန်ခံခဲ့သည်။