- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
အမေရိကန်က ထုတ်ပြန်သည့် လူမျိုးတုံးသတ်ဖြတ်မှု အစီရင်ခံစာ၌ မြန်မာကို ထည့်သွင်းဖော်ပြ
ဘိုင်ဒန်အစိုးရက တနင်္လာနေ့တွင် ဆက်လက်အတည်ပြု ပြဌာန်းလိုက်သည့် လူမျိုးတုံးသတ်ဖြတ်မှု အစီရင်ခံစာ၌ မြန်မာ၊ အီသီယိုပီးယား၊ တောင်ဆူဒန်နှင့် အီရီထရီးယားနိုင်ငံတို့သည် လူမျိုးတုံးသတ်ဖြတ်မှု ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသဖြင့် ထိုနိုင်ငံများအပေါ် အမေရိကန်က ဒဏ်ခတ်အရေးယူမှုများ ထပ်တိုး ချမှတ်နိုင်ခြေ ရှိနေသည်ဟု သတိပေးဖော်ပြထားသည်။
13 Jul 2021

DMG | ဇူလိုင် ၁၃
ဘိုင်ဒန်အစိုးရက တနင်္လာနေ့တွင် ဆက်လက်အတည်ပြု ပြဌာန်းလိုက်သည့် လူမျိုးတုံးသတ်ဖြတ်မှု အစီရင်ခံစာ၌ မြန်မာ၊ အီသီယိုပီးယား၊ တောင်ဆူဒန်နှင့် အီရီထရီးယားနိုင်ငံတို့သည် လူမျိုးတုံးသတ်ဖြတ်မှု ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသဖြင့် ထိုနိုင်ငံများအပေါ် အမေရိကန်က ဒဏ်ခတ်အရေးယူမှုများ ထပ်တိုး ချမှတ်နိုင်ခြေ ရှိနေသည်ဟု သတိပေးဖော်ပြထားသည်။
အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနက ကွန်ဂရက်သို့ နှစ်စဉ်ပေးပို့သည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှု ကာကွယ်ရေး အစီရင်ခံစာ၌ ယခုကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
အစီရင်ခံစာ၌ တရုတ်ပြည် အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသ၌ တရုတ်အစိုးရ၏ အူဂါမူဆလင်အရေး လုပ်ဆောင်ချက်များသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း အဓိကဦးစားပေး ဖော်ပြထားသည်။
“မိမိတို့အုပ်ချုပ်ရေးအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့်အရေးအတွက် ကာကွယ်တွန်းလှန်သွားမည် ဖြစ်ကာ ရက်စက်ယုတ်မာမှုများကို တားဆီး ကာကွယ်ရေးသည် အဓိကကျသော အမျိုးသားလုံခြုံရေး အကျိုးစီးပွား ဖြစ်သလို ကျင့်ဝတ်သိက္ခာပိုင်းအရလည်း အရေးအကြီးဆုံး တာဝန်တစ်ရပ်” ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဤအစီရင်ခံစာကို သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၌ မွတ်ဆလင်များအပေါ် “လူမျိုးရေးရှင်းလင်းမှု” ကျူးလွန်ခြင်းအတွက် မြန်မာအစိုးရတွင် တာဝန်ရှိကြောင်း အမေရိကန်အစိုးရက သတ်မှတ်ထားသည်။
မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်ခြေ ရှိသည့် နိုင်ငံစာရင်းတွင် ပါဝင်နေဆဲ ဖြစ်ကြောင်းပြီး အမေရိကန်အစိုးရသည် မြန်မာစစ်တပ်ဦးဆောင်သည့် အစိုးရအဖွဲ့၏ သဘောထားကွဲလွဲသူများအပေါ် ဖြိုခွင်းမှုများ၊ မွတ်လဆင်များအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများ အပါအဝင် နှိပ်ကွပ်မှုများကို တားမြစ်နိုင်အောင် မဟာမိတ်များနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားသည်။