- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
အာဖဂန်မှာ အမျိုးသမီး ရုပ်သံတင်ဆက်သူများ မျက်နှာကို ဖုံးထားရန် တာလီဘန်တို့ ညွှန်ကြား
အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီး ရုပ်သံတင်ဆက်သူများသည် အစီအစဉ်များဖော်ပြချိန်၌ ၎င်းတို့၏ မျက်နှာများကို ဖုံးအုပ်ထားကြရန် တာလီဘန်များက စည်းကမ်းထုတ်ပြန်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
23 May 2022

DMG ၊ မေ ၂၃
အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီး ရုပ်သံတင်ဆက်သူများသည် အစီအစဉ်များဖော်ပြချိန်၌ ၎င်းတို့၏ မျက်နှာများကို ဖုံးအုပ်ထားကြရန် တာလီဘန်များက စည်းကမ်းထုတ်ပြန်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တာလီဘန်တို့ ဖွဲ့စည်းထားသည့် ကိုယ်ကျင့်သီလနှင့် ဒုစရိုက်မှုများ စင်ကြယ်ရေးဆိုင်ရာ ဝန်ကြီးဌာနက ယခုကဲ့သို့ အမိန့်ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်ကြောင်း TOLO သတင်းဌာနက တွစ်တာပေါ်၌ ဖော်ပြထားသည်။
ဤအမိန့်အား ညှိနှိုင်းဆွေးနွေးခွင့် မရှိကြောင်းလည်း TOLO က ပြောကြားသည်။
ယခုအမိန့်သည် အာဖဂန်ရှိ အခြားသော မီဒီယာများအားလုံး အကျုံးဝင်မည်ဖြစ်သည်။
အာဖဂန် ဒေသတွင်း သတင်းဌာနတစ်ရပ်ကလည်း မိမိတို့သည် အမိန့်ကြေညာချက်ကို လက်ခံရရှိထားပြီဖြစ်ကာ ပြန်လည်ညှိနှိုင်းခွင့် မရှိကြောင်းပါ မိမိတို့ကို ပြောကြားခဲ့ကြောင်း အေပီသတင်းဌာနသို့ ဖြေကြားသည်။
အမျိုးသမီး သတင်းတင်ဆက်သူ အများအပြားသည် မျက်နှာကို ဖုံးအုပ်ထားသည့် ၎င်းတို့၏ ဓာတ်ပုံများကို ဆိုရှယ်မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။ TOLO မှ ထင်ရှားသော ရုပ်သံတင်ဆက်သူ ယာဒါအာလီကလည်း မျက်နှာဖုံးထားသည့် ဓာတ်ပုံနှင့်အတူ “ကိုယ်ကျင့်သီလနှင့် ဒုစရိုက်မှုများ စင်ကြယ်ရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဖျောက်ဖျက်ဖုံးကွယ်မှုကို ခံထားရတဲ့ အမျိုးသမီးတစ်ဦး” ဟူသောစာနှင့် တွဲတင်ခဲ့သည်။
တာလီဘန်တို့သည် အာဖဂန်တွင် ၎င်းတို့အာဏာရခဲ့သည့် ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ကာလတွင်လည်း အမျိုးသမီးများအပေါ် တင်းကြပ်မှု အမျိုးမျိုးဖြင့် ထိန်းချုပ်ခဲ့သည်။ ထိုစဉ်ကလည်း အမျိုးသမီးများသည် တစ်ကိုယ်လုံးကို ဖုံးအုပ်ထားရပြီး မျက်လုံးကိုလည်း ဇာပုဝါဖြင့် ဖုံးထားရကာ အများပြည်သူမြင်ကွင်းတွင် သွားလာခွင့် မရှိခဲ့ပေ။