- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
အာဖဂန်တွင် ဗလီတွင်းဝတ်ပြုနေချိန် အသေခံဗုံးခွဲမှုကြောင့် ၄၆ ဦး သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းရှိ ဗလီတစ်လုံးတွင် သောကြာနေ့က အိုင်အက်စ်တစ်ဦး အသေခံဗုံးခွဲခဲ့မှုကြောင့် အနည်းဆုံး ၄၆ ဦးထက်မနည်း သေဆုံးပြီး ၁၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 Oct 2021

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းရှိ ဗလီတစ်လုံးတွင် သောကြာနေ့က အိုင်အက်စ်တစ်ဦး အသေခံဗုံးခွဲခဲ့မှုကြောင့် အနည်းဆုံး ၄၆ ဦးထက်မနည်း သေဆုံးပြီး ၁၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အသေခံဗုံးခွဲသမားသည် ရှီးယိုက်မူဆလင်များ နေရာအပြည့် ဝတ်ပြုနေကြသည့် ဗလီအတွင်းသို့ ဝင်ရောက်ပြီး ဗုံးခွဲခဲ့ခြင်းဖြစ်သည်။
ယခုလုပ်ရပ်သည် လက်နက်ကိုင် တိုက်ခိုက်ရေးမှ အုပ်ချုပ်ရေးဘက်သို့ ကူးပြောင်းနေချိန်အတွင်း တာလီဘန်တို့အတွက် ကြီးမားသည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်းလည်း သတင်းတွင် ဖော်ပြသည်။
အသေခံဗုံးခွဲသူသည် အူဂါမွတ်ဆလင်တစ်ဦး ဖြစ်ကာ ရှီးယိုက်များကိုသာမက တရုတ်ကို လိုက်လျောသည့်အနေဖြင့် အူဂါလူမျိုးစုများကို ရည်ရွယ်ချက်ရှိရှိ နှင်ထုတ်နေသည့် တာလီဘန်များကိုပါ ပစ်မှတ်ထား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဒေသခံ အိုင်အက်စ်အဖွဲ့က ပြောကြားသည်။
သောကြာနေ့ မွန်းတည့်ချိန်က ကန်ဒက်မြို့ရှိ လူအပြည့်ဝတ်ပြုနေသည့် ဗလီအတွင်း ပြင်းထန်စွာ ပေါက်ကွဲခဲ့သည့် ယခုဖြစ်ရပ်သည် အာဖဂန်နစ္စတန်နိုင်ငံ၏ အုပ်ချုပ်သူအသစ်များကို ပစ်မှတ်ထားသည့် အိုင်အက်စ်တို့၏ တိုက်ခိုက်မှုများအနက် နောက်ဆုံးဖြစ်သည်။
ပေါက်ကွဲမှုကြောင့် ပြတင်းပေါက်များ ပွင့်ထွက်ကုန်ပြီး မျက်နှာကြက်များလည်း လောင်ကျွမ်းသွားကာ ကြမ်းပြင်တစ်ခုလုံးတွင် အကျိုးအပဲ့အစအနများ၊ တွန့်လိမ်ကောက်ကွေးနေသည့် သတ္တုစများ ပြန့်ကြဲနေသည်ကို တွေ့ရကြောင်း အေပီသတင်းက ဖော်ပြသည်။
အိုင်အက်စ်အဖွဲ့နှင့် တာလီဘန်တို့သည် အာဖဂန်တွင် ပြည်ပတပ်ဖွဲ့များ ထွက်ခွာသွားချိန်နောက်ပိုင်း အဓိက ပြိုင်ဖက်နှစ်ဖွဲ့ ဖြစ်သည်။ အိုင်အက်စ်တို့သည် တာလီဘန်တို့၏ နေရာများကို ပစ်မှတ်ထားနေသလို တာလီဘန်များအား အဖွဲ့ဝင်အဖြစ် စုဆောင်းမှုများလည်း ရှိသည်။