- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး မက်ဒလင်းအောဘရိုက် ကွယ်လွန်
အမေရိကန်ပြည်ထောင်စုသို့ ကလေးဒုက္ခသည်အဖြစ် ရောက်ရှိလာပြီး နိုင်ငံ၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မက်ဒလင်းအောဘရိုက်သည် မတ်လ ၂၃ ရက်နေ့တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
25 Mar 2022

DMG | မတ် ၂၅
အမေရိကန်ပြည်ထောင်စုသို့ ကလေးဒုက္ခသည်အဖြစ် ရောက်ရှိလာပြီး နိုင်ငံ၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မက်ဒလင်းအောဘရိုက်သည် မတ်လ ၂၃ ရက်နေ့တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ် ရှိပြီဖြစ်သော မက်ဒလင်းအောဘရိုက်သည် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
မက်ဒလင်းအောဘရိုက်ကို ချက်ကိုဆလိုဗားကီးယားနိုင်ငံ၌ ၁၉၃၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိခဲ့သည်။
၁၉၉၃ မှ ၁၉၉၇ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် သမ္မတ ဘီလ်ကလင်တန်လက်ထက်တွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
သူမသည် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် အင်အားတစ်ရပ် ဖြစ်ပြီး သူမကွယ်လွန်ခြင်းသည် ‘ကမ္ဘာကြီးအတွက် ကြီးမားသောဆုံးရှုံးမှု’ ဟု သမ္မတဟောင်း ဘီလ်ကလင်တန်က ပြောကြားသည်။
စစ်အေးတိုက်ပွဲအလွန်ကာလ၌ အမေရိကန်က တစ်ခုတည်းသော အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွက်လာပြီး နိုင်ငံတကာခေါင်းဆောင်များနှင့် လက်နက်ထိန်းချုပ်ရေး၊ ကုန်သွယ်ရေး၊ အကြမ်းဖက်မှု၊ နေတိုးအနာဂတ် စသည့် ကိစ္စရပ်များအား ဦးဆောင်နေရချိန်၌ မက်ဒလင်းအောဘရိုက်သည် နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။
သူမကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂတွင် ခဏတာငြိမ်သက်ပေးခဲ့သလို အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ကလည်း သူမနှင့်အတူ နှစ်ပေါင်းများစွာ ပူးတွဲလုပ်ကိုင်ဖူးပြီး “သူ့ရဲ့ အကြံကောင်းတွေ၊ နက်ရှိုင်းလှတဲ့ အတွေ့အကြုံတွေ၊ အတွင်းကျကျမြင်နိုင်စွမ်း၊ လူသားဆန်မှု၊ နွေးထွေးမှုနဲ့ ဉာဏ်ရွှင်မှုတွေကြောင့် ကျွန်တော်ဟာ အမြဲတမ်း အံ့အားသင့်ခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။