- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
နျူကလီးယား စစ်သင်္ဘော လျှို့ဝှက်ချက်များ ရောင်းစားခဲ့သည့် အမေရိကန်ဇနီးမောင်နှံ ဖမ်းဆီးခံရ
နျူကလီးယား စစ်သင်္ဘောများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပြည်ပနိုင်ငံတစ်ခုသို့ ရောင်းစားမှုဖြင့် အနောက်ဗာဂျီးနီးယားပြည်နယ်တွင် အမေရိကန်စုံတွဲတစ်တွဲကို ဖမ်းဆီးထားကြောင်း အမေရိကန် တရားစီရင်ရေးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည် ဟု AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
13 Oct 2021

DMG ၊ အောက်တိုဘာ ၁၃
နျူကလီးယား စစ်သင်္ဘောများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပြည်ပနိုင်ငံတစ်ခုသို့ ရောင်းစားမှုဖြင့် အနောက်ဗာဂျီးနီးယားပြည်နယ်တွင် အမေရိကန်စုံတွဲတစ်တွဲကို ဖမ်းဆီးထားကြောင်း အမေရိကန် တရားစီရင်ရေးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည် ဟု AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
US ရေတပ်တွင် နျူကလီးယား အင်ဂျင်နီယာတစ်ဦးအဖြစ် လုပ်ကိုင်နေသော ဂျွန်နသန်တိုဘီ ဆိုသူနှင့် သူ၏ဇနီး ဒိုင်ယာနာ (နှစ်ဦးစလုံး အသက် ၄၀ မှ ၅၀ ကြား) တို့ကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) အေးဂျင့် များက စနေနေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အဏုမြူစွမ်းအင် အက်ဥပဒေကို ချိုးဖောက်မှုဖြင့် ၎င်းတို့ ၂ ဦးအား တရားစွဲဆိုထားသည်ဟု တရားစီရင်ရေးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ထိုစုံတွဲသည် “ပြည်ပအင်အားကြီးအုပ်စုတစ်စု၏ ကိုယ်စားလှယ်ဟု ယူဆထားသူ တစ်ဦးအား နျူကလီးယား စွမ်းအင်သုံး စစ်သင်္ဘောများ၏ ဒီဇိုင်းပိုင်းနှင့် ပတ်သက်၍ လျှို့ဝှက်အဖြစ် သတ်မှတ်ထားသော သတင်း အချက်အလက်များကိုများကို ရောင်းစားနေခဲ့သည်” မှာတစ်နှစ်နီးပါးခန့် ကြာမြင့်နေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တကယ်တမ်း ထိုသတင်းအချက်အလက်ကို လက်ခံရယူခဲ့သူမှာ အသွင်ယူထားသော FBI အေးဂျင့် တစ်ယောက် ဖြစ်သည်ဟုလည်း ထပ်မံဖြည့်စွက် ဖော်ပြပါရှိကြောင်း AFP သတင်းအရ သိရသည်။
သူ၏အလုပ်မှတစ်ဆင့် နျူကလီးယား စွမ်းအင်သုံး စစ်သင်္ဘောများဆိုင်ရာ ကန့်သတ်အချက်အလက်များကို ကြည့်ခွင့်ရခဲ့သော ဂျွန်နသန်တိုဘီသည် ရေငုပ်သင်္ဘောသုံး နျူကလီးယားဓာတ်ပေါင်းဖိုများနှင့် ပတ်သက်သော အချက်အလက်များကို ကန်ဒေါ်လာ တစ်သိန်းခန့် တန်ဖိုးရှိသည့် ဒီဂျစ်တယ်ငွေကြေး (Cryptocurrency) ဖြင့်လဲလှယ်ရန် သူ့ဇနီးသည်နှင့် ပူးပေါင်းလုပ်ဆောင် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု တိုင်တန်းချက် ကျမ်းကျိန်လွှာတွင် စွပ်စွဲထားသည်။
တိုဘီသည် “လျှို့ဝှက် ဆက်သွယ်မှုပြုလုပ်ရန် လိုအပ်သည့် ညွှန်ကြားချက်များနှင့် ရောင်းချမည့် အချက်အလက်နမူနာများ ပါဝင်သည့်” အထုပ်တစ်ခုကို ၂၀၂၀ ခုနှစ် ဧပြီလတွင် နိုင်ငံခြား အစိုးရအဖွဲ့တစ်ခုထံသို့ ပေးပို့ခဲ့သည်ဟု ထိုကျမ်းကျိန်လွှာတွင် ဖော်ပြထားကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။