- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
တစ်လနီးပါး ကြာမြင့်လာပြီဖြစ်သည့် တောမီး အရှိန်ပြင်းထန်လာသဖြင့် နယူးမက္ကစီကိုမှ ကျေးရွာများ မီးဘေးတိမ်းရှောင်
အမေရိကန်ပြည်ထောင်စု နယူးမက္ကစီကိုပြည်နယ်တွင် အကြီးအကျယ် လောင်ကျွမ်းလျက်ရှိသည့် တောမီးသည် ပိုမိုပြင်းထန်လာပြီး ခြောက်သွေ့သော ချိုင့်ဝှမ်းဒေသို့ ဦးတည်လာသဖြင့် ပြည်နယ်မြောက်ပိုင်း ကျေးရွာများရှိ ဒေသခံ ထောင်ပေါင်းများစွာသည် မေလ ၁ ရက်နေ့မှစတင်၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 May 2022

DMG ၊ မေ ၃
အမေရိကန်ပြည်ထောင်စု နယူးမက္ကစီကိုပြည်နယ်တွင် အကြီးအကျယ် လောင်ကျွမ်းလျက်ရှိသည့် တောမီးသည် ပိုမိုပြင်းထန်လာပြီး ခြောက်သွေ့သော ချိုင့်ဝှမ်းဒေသို့ ဦးတည်လာသဖြင့် ပြည်နယ်မြောက်ပိုင်း ကျေးရွာများရှိ ဒေသခံ ထောင်ပေါင်းများစွာသည် မေလ ၁ ရက်နေ့မှစတင်၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တစ်နာရီလျှင် ၆၄ ကီလိုမီတာထက်ကျော်လွန်သည့် ပြင်းအားဖြင့် တိုက်ခတ်လျက်ရှိသည့် လေပြင်းကြောင့် မီးညွန့်များသည် လောင်ကျွမ်းရာနေရာမှ တစ်မိုင်ခန့်အကွာထိ ရောက်ရှိကာ နေရာအသစ်များတွင် ထပ်ဆင့် လောင်ကျွမ်းလျက်ရှိသည်။
ဆန်တာဖေးမြို့ အရှေ့မြောက်ဘက် ၆၄ ကီလိုမီတာခန့်အကွာရှိ လီဒေါ့၊ မိုရာနှင့် ကလစ်ဗ်လန်းကျေးရွာများတွင် အာဏာပိုင်များက ဘူဒိုဇာများဖြင့် မီးဘေးအကာအကွယ်များ ပြုလုပ်နေကြကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
“ကျွန်မတို့က ဘယ်ကိုပြေးရမှာလဲ၊ ဒီမှာပဲ လုပ်ကိုင်စားသောက်လာကြတာလေ” ဟု ဒေသခံတစ်ဦးဖြစ်သူ ဒါလင်းဂါလက်ဂို့စ်က ရိုက်တာသို့ ဖြေကြားသည်။
အာဏာပိုင်များက သူမဖွင့်လှစ်ထားသည့် စတိုးကိုပိတ်ပြီး တိမ်းရှောင်ရန် အာဏာပိုင်များက ပြောကြားထားသည်။
ဟက်တာ ၄၂၁၀၀ ကျယ်ဝန်းသည့် အဆိုပါ မီးလောင်ပြင်ကြီး၏ အခြားတစ်ဘက်၌လည်း လေပြင်းကြောင့် မီးညွန့်များက ၈ ကီလိုမီတာပတ်လည်အထိ ရောက်ရှိနေသဖြင့် လက်စ်ဗီးဂတ်စ်၊ နယူးမက္ကစီကိုပြည်နယ်များရှိ ဒေသခံအချို့ကို နေရပ်စွန့်ခွာတိမ်းရှောင်ဖို့ ပြင်ဆင်ကြရန် အာဏာပိုင်များက ညွှန်ကြားထားသည်။
ဧပြီလ ၆ ရက်နေ့တည်းက လောင်ကျွမ်းလျက်ရှိသည့် ယခုတောမီးကြောင့် နေအိမ်အဆောက်အအုံ ရာပေါင်းများစွာ မီးလောင်ကျွမ်းခဲ့ရပြီး ဆန်ဂရီဒီခရစ္စတို တောင်တန်းများပေါ်ရှိ နေရာအများအပြားမှ လူအများ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသည်။ လက်ရှိအချိန်အထိ မီးဘေးကြောင့် သေဆုံးသူ မရှိသေးပေ။