- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
နယူးယောက်တွင် အာရှအမျိုးသမီးများကို တိုက်ခိုက်ခဲ့သူအား မုန်းတီးမှုဆိုင်ရာ ရာဇဝတ်မှုများဖြင့် တရားစွဲဆို
နယူးယောက်တွင် သုံးနာရီအတွင်း အာရှအမျိုးသမီး ခုနစ်ဦးကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အမျိုးသားတစ်ဦးအား “မုန်းတီးမှုဆိုင်ရာ ရာဇဝတ်မှုများ” ဖြင့် စွဲချက်တင်ထားကြောင်း မန်ဟက်တန်ခရိုင်ရှေ့နေက ဧပြီလ ၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
08 Apr 2022

DMG၊ ဧပြီ ၈
နယူးယောက်တွင် သုံးနာရီအတွင်း အာရှအမျိုးသမီး ခုနစ်ဦးကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အမျိုးသားတစ်ဦးအား “မုန်းတီးမှုဆိုင်ရာ ရာဇဝတ်မှုများ” ဖြင့် စွဲချက်တင်ထားကြောင်း မန်ဟက်တန်ခရိုင်ရှေ့နေက ဧပြီလ ၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဖေဖော်ဝါရီလ ၂၇ ရက်၊ ညနေ ၆ နာရီမှ ၉ နာရီအတွင်း မက်ဟက်တန်ကျွန်း၏ အရှေ့ဘက်နှင့် အလယ်ပိုင်းဒေသများတွင် အသက် ၂၈ နှစ်အရွယ်စတီဗင်ဇာရွန်သည် အမျိုးသမီးများကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် ရိုက်နှက်မှုများပြုခဲ့ကြောင်း အယ်ဗင်ဘရက်ဂ်ကပြောကြားသည်။
စတီဗင်ဇာရွန်သည် “အာရှမျိုးနွယ်ဝင်ဖြစ်တာကလွဲပြီး တခြားအကြောင်းမရှိပဲ အာရှအမျိုးသမီး ရ ယောက်ကို ရွေးချယ်ပြီးတော့ သီးခြားစီချုံခိုတိုက်ခိုက်ခဲ့တယ်၊ အချို့ကို အနောက်ကနေရိုက်ခဲ့တယ်” ဟု ဘရက်ဂ်က ပြောသည်။
သံသယရှိသူသည် အခင်းဖြစ်ပွားရာနေရာမှ ထွက်မပြေးမီ ကျူးလွန်ခံရသူများအား “လက်သီး သို့မဟုတ် တံတောင်ဖြင့်မျက်နှာကို” တိုက်ခိုက်ခဲ့ကြောင်း ခရိုင်ရှေ့နေကပြောကြားသည်။ အဆိုပါ အမျိုးသမီးများထဲမှ တစ်ဦးမှာ တိုက်ခိုက်သူကသူမအား “မြေပေါ်သို့တွန်းချခြင်း” ခံခဲ့ရသည်။
“အခုဖြစ်ခဲ့တဲ့ နယူးယောက်အမျိုးသမီးတွေအပေါ် တိုက်ခိုက်မှုတွေဟာ အာရှလူမျိုးမုန်းတီးရေး လှုံ့ဆော်မှုကို အခြေခံတာဖြစ်ပြီး အာရှ-အမေရိကန် အသိုင်းအဝိုင်းက ရင်ဆိုင်နေရတဲ့ မြင်သာတဲ့အကြောက်တရားတွေရဲ့နောက်ထပ်သတိပေးချက်တစ်ခု ဖြစ်တယ်” ဟု မန်ဟက်တန်ခရိုင်ရှေ့နေရာထူးကို ရရှိခဲ့သည့် ပထမဆုံးအာဖရိကန်အမေရိကန်နိုင်ငံသား ဘရက်ဂ်က ပြောကြားခဲ့သည်။
ကျူးလွန်ခံရသူများသည် မျက်နှာပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပြီး တစ်ဦးမှာ သတိမေ့သွားရာမှ ဆေးရုံတင်ကုသခဲ့ရသည်။
အပြင်ဘက်တွင် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့သော နယူးယောက်ပြည်သူ့စာကြည့်တိုက်၏ ဝန်ထမ်းများထံမှ လုံခြုံရေးကင်မရာ မှတ်တမ်းများနှင့် သက်သေများမှတစ်ဆင့် နယူးယောက်ရဲများက ဇာရွန်ကိုဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သံသယရှိသူကို မတ်လ ၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး “မုန်းတီးမှုဆိုင်ရာ ရာဇဝတ်မှုဖြင့် တတိယအဆင့်၌ ကျူးလွန်မှု” နှင့် “ဒုတိယအဆင့်တွင် ပြင်းထန်စွာ နှောင့်ယှက်မှု” တို့ဖြင့် တရားစွဲဆိုထားကြောင်း တရားလိုရှေ့နေများထံမှ သိရသည်။