- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
အမေရိကန်စစ်တပ်ကြောင့် အရပ်သားများ သေဆုံးရမှုကို ဖော်ပြသော သတင်းဆောင်းပါးကို ပင်တဂွန် ချီးကျူး
အာဖဂန်စစ်ပွဲတွင် အရပ်သားများသေဆုံးရမှုနှင့် ပတ်သက်ပြီး ဖော်ထုတ်ရေးသားခဲ့သည့် နယူးယောက်တိုင်းမ်သတင်းဌာနအား အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က မေလ ၁၀ ရက်နေ့တွင် ချီးကျူးဂုဏ်ပြုလိုက်သည်။ ဤသတင်းဆောင်းပါးက အမေရိကန်စစ်တပ်ကို ၎င်း၏ အမူအကျင့်များကို ပြန်လည်ဆန်းစစ်မှု ပြုလုပ်စေခဲ့သည်ဟုလည်း ပင်တဂွန်က ပြောကြားသည်။
12 May 2022

DMG ၊ မေ ၁၂
အာဖဂန်စစ်ပွဲတွင် အရပ်သားများသေဆုံးရမှုနှင့် ပတ်သက်ပြီး ဖော်ထုတ်ရေးသားခဲ့သည့် နယူးယောက်တိုင်းမ်သတင်းဌာနအား အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က မေလ ၁၀ ရက်နေ့တွင် ချီးကျူးဂုဏ်ပြုလိုက်သည်။ ဤသတင်းဆောင်းပါးက အမေရိကန်စစ်တပ်ကို ၎င်း၏ အမူအကျင့်များကို ပြန်လည်ဆန်းစစ်မှု ပြုလုပ်စေခဲ့သည်ဟုလည်း ပင်တဂွန်က ပြောကြားသည်။
နယူးယောက်တိုင်းမ်သတင်းဌာနသည် ပြီးခဲ့သော ဒီဇင်ဘာလတွင် သတင်းဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့သည်။ အဆိုပါဆောင်းပါ၌ နှစ် ၂၀ ကြာ အာဖဂန်စစ်ပွဲတွင် အမေရိကန်တပ်များ၏ လက်ချက်ကြောင့် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရမှုများကို ဖွင့်ချထားပြီး ဆောင်းပါးကြောင့် အမေရိကန်အစိုးရသည်လည်း အထူးအရှက်ရခဲ့ရသည်။
အမေရိကန်စစ်တပ်သည် အဆင့်မြင့်နည်းပညာသုံး စောင့်ကြည့်ရေးကိရိယာများ၊ အသေးစိတ် အနီးကပ်ထိန်းချုပ်နိုင်သည့် ဒရုန်းများအသုံးပြုကာ ပစ်မှတ်များကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ကြောင်း ၎င်း၏စွမ်းရည်ကို အထူးအသားပေး ဖော်ပြလျက်ရှိသော်လည်း ဖြစ်စဉ်အများအပြား၌ ပစ်မှတ်များ လွဲချော်သတ်မှတ်ကာ အပြစ်မဲ့ကျေးရွာသားများနှင့် ကလေးငယ်များကို သေဆုံးစေမှုများ ရှိခဲ့ကြောင်း အဆိုပါ သတင်းဆောင်းပါးတွင် ဖော်ပြသည်။
“ဒီဆောင်းပါးကြောင့် ကျွန်တော်တို့ ခုထိ စိတ်မသက်မသာ ဖြစ်ရဆဲ ဖြေရှင်းရခက်ဆဲ ဖြစ်ပါတယ်။ ..ကျွန်တော်တို့အနေနဲ့ ဒီအမှားတွေအတွက် ပွင့်လင်းမြင်သာမှု ရှိသင့်သလောက် မရှိခဲ့ဘူးဆိုတာ သိပါတယ်” ဟု ပင်တဂွန်ပြောခွင့်ရ ဂျွန်ကာဘီက သတင်းထောက်များအား ပြောကြားသည်။
သို့သော်လည်း ယခုဆောင်းပါးသည် လွတ်လပ်သော သတင်းမီဒီယာ၏ အကောင်းဆုံး လုပ်ပိုင်ခွင့်ဖြစ်ပြီး မိမိတို့ကို တာဝန်ယူမှု ရှိလာစေသည်ဟု သူက ပြောသည်။
ပူလစ်ဇာကော်မတီသည် အဆိုပါသတင်းဆောင်းပါးနှင့် ပတ်သက်ပြီး နယူးယောက်တိုင်းမ်သတင်းဌာနကို ဆုချီးမြှင့်ခဲ့သည်။ “အမေရိကန်ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားများ သေဆုံးရမှုကို ဖွင့်ချရာတွင် သတ္တိပြောင်မြောက်ပြီး မဆုတ်မနစ်သည့် သတင်းတင်ပြမှု” ဟု ပူလစ်ဇာကော်မတီက ပြောကြားသည်။