- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
သမ္မတဘိုင်ဒန် အာဆီယံခေါင်းဆောင်များနှင့် ဝါရှင်တန်တွင် တွေ့မည်
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် မတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့များ၌ ဝါရှင်တန်တွင် ထိပ်သီးညီလာခံတစ်ရပ် ကျင်းပပြီး အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း အိမ်ဖြူတော်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
01 Mar 2022

DMG | မတ် ၁
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် မတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့များ၌ ဝါရှင်တန်တွင် ထိပ်သီးညီလာခံတစ်ရပ် ကျင်းပပြီး အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း အိမ်ဖြူတော်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
ဝါရှင်တန်သည် တရုတ်တို့အင်အားကြီးထွားလာမှုကို တုံ့ပြန်ရာတွင် အခရာကျသည့် ဒေသဟု ၎င်းတို့ ယူဆထားသည့် အရှေ့တောင်အာရှဒေသမှ ခေါင်းဆောင်များနှင့် အိမ်ဖြူတော်အကြား တွေ့ဆုံမှုတစ်ရပ်ကို ယခုနှစ်အစောပိုင်းတည်းက ကျင်းပရန်စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရေးရာ စိုးရိမ်ပူပန်မှုများကြောင့် အချိန်ကြန့်ကြာနေခဲ့သည်။
ယခုကျင်းပမည့် ထိပ်သီးညီလာခံသည် အာဆီယံ-အမေရိကန် ဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ်လည်း ဖြစ်သည်ဟု အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဂျန်ဆာကီက ပြောကြားသည်။
“ကျွန်မတို့ခေတ်ရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရေးမှာ အင်အားကောင်းပြီး စည်းလုံးညီညွတ်တဲ့ အာဆီယံအဖွဲ့ကြီး ဖြစ်လာစေရေးနဲ့ အာဆီယံအတွက် အားကောင်းပြီး ယုံကြည်ရတဲ့ မဟာမိတ်အဖြစ် ရှိနေရေးဟာ ဘိုင်ဒန်-ဟဲရစ် အစိုးရအဖွဲ့အတွက် ထိပ်တန်းဦးစားပေးတစ်ရပ် ဖြစ်ပါတယ်” ဟု သူက ပြောသည်။
သမ္မတဘိုင်ဒန်သည် ပြီးခဲ့သည် အောက်တိုဘာလတွင်လည်း အာဆီယံခေါင်းဆောင်များ၏ အွန်လိုင်းအစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါတက်ရောက်မှုသည် အာဆီယံအဖွဲ့သို့ အမေရိကန်ဘက်မှ လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်တန်းအဆင့်ခေါင်းဆောင်တစ်ဦး တက်ရောက်မှု ဖြစ်သည်။
ပင်လယ်ပြင် ရေပိုင်နက်များ လွတ်လပ်ခွင့်နှင့် စီမိုကရေစီအရေးအတွက် အာဆီယံနှင့်အတူ ရပ်တည်ကာကွယ်သွားမည်ဟု ဘိုင်ဒန်က ပြောကြားခဲ့သလို အာဆီယံဒေသတွင်း စီးပွားရေးမူဘောင်တစ်ရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးမှုများ ဝါရှင်တန်ဘက်က စတင်ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
ဤအချက်သည် ယခင်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်က ဒေသတွင်းကုန်သွယ်ရေး သဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီးနောက် အမေရိကန်ဘက်က လိုအပ်နေသော အာရှရေးရာ မဟာဗျူဟာတစ်ရပ်အဖြစ် ပညာရှင်များ ထောက်ပြနေကြသည့်အချက်လည်း ဖြစ်သည်။