- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
တရုတ်ထံမှ စစ်ရေးအကူအညီများ ရုရှား တောင်းခံထားကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြ
ရုရှားသည် ယူကရိန်းစစ်ပွဲအတွက် တရုတ်ထံမှ စစ်ရေးနှင့် စီးပွားရေးအကူအညီများ တောင်းခံထားကြောင်း အမေရိကန် မီဒီယာများက တနင်္ဂနွေနေ့က ဖော်ပြကြသည်။
15 Mar 2022

DMG ၊ မတ်လ ၁၅ ရက်
ရုရှားသည် ယူကရိန်းစစ်ပွဲအတွက် တရုတ်ထံမှ စစ်ရေးနှင့် စီးပွားရေးအကူအညီများ တောင်းခံထားကြောင်း အမေရိကန် မီဒီယာများက တနင်္ဂနွေနေ့က ဖော်ပြကြသည်။
ဒဏ်ခတ်အရေးယူမှုများ ရင်ဆိုင်နေရသော မော်စကိုကို ကူညီလျှင် တရုတ်တို့အနေဖြင့် ပြင်းထန်သော အကျိုးသက်ရောက်မှုများ ရင်ဆိုင်ရမည်ဟု ဝါရှင်တန်က သတိပေးပြီး နာရီပိုင်းအကြာ၌ ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ရုရှားသည် ၎င်း၏ အဓိကမဟာမိတ် တရုတ်ထံမှ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ အကူအညီတောင်းထားကြောင်း အမေရိကန်အာဏာပိုင်များက မီဒီယာများကို ပြောကြားသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထို့ပြင် အနောက်နိုင်ငံအများစု ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် အကျပ်အတည်း ကြုံနေရသည့် ရုရှားစီးပွားရေးအတွက်လည်း တရုတ်ထံမှ အကူအညီတောင်းခံထားကြောင်း နယူးယောက်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရုရှားဘက်က တောင်းခံသည့် အကူအညီအသေးစိတ်ကို မသိရသလို တရုတ်ဘက်က တုံ့ပြန်မှုကိုလည်း မသိရသေးကြောင်း သတင်းများတွင် ဖော်ပြကြသည်။
ဝါရှင်တန်ရှိ တရုတ်သံရုံးမှ ပြောခွင့်ရတစ်ဦးအား မေးမြန်းရာတွင် ထိုကဲ့သို့ အကူအညီတောင်းမှုမျိုး “တစ်ခါမှမကြားဖူး” ကြောင်း မီဒီယာများကို ဖြေကြားခဲ့သည်။
တနင်္လာနေ့တွင် ရောမမြို့၌ ထိပ်တန်းတရုတ်သံတမန်များနှင့် အဆင့်မြင့် အမေရိကန် ကိုယ်စားလှယ်များ တွေ့ဆုံမည်ဟု အိမ်ဖြူတော်က ကြေညာအပြီး နာရီပိုင်းအကြာ၌ ယခုသတင်းပေါ်ထွက်လာခြင်း ဖြစ်သည်။
နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ သံအဖွဲ့ ဥက္ကဌ ယန်ကျဲ့ချီတို့သည် တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုများကို စီမံခန့်ခွဲရန် ကြိုးပမ်းမှုများအား ဆွေးနွေးကြမည်ဖြစ်သလို ရုရှားတို့၏ ယူကရိန်းကျူးကျော်စစ်ကြောင့် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အကျိုးသက်ရောက်မှုတို့ကိုလည်း ဆွေးနွေးကြမည်ဟု အမေရိကန်ပြည်ထောင်စု နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောခွင့်ရ အမ်မီလီဟွန်းက တနင်္ဂနွေနေ့ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။