- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ရုပ်သံအစီအစဉ်တွင်ဆန္ဒပြသူအား ရုရှားတရားရုံးက ဒဏ်ငွေရိုက်ပြီးပြန်လွှတ်
နိုင်ငံပိုင်ရုပ်သံမှ အချိန်ပိုင်းသတင်း ထုတ်လွှင့်နေစဉ်အတွင်း ရုရှားအစိုးရ၏ယူကရိန်း၌ စစ်ရေးဆောင်ရွက်နေမှုကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့သည့် ရုရှားအယ်ဒီတာတစ်ဦးအား ထိန်းသိမ်းထားမှုကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပြီးနောက် အင်္ဂါနေ့တွင် ရုရှားအစိုးရက ဒဏ်ငွေဖြင့် ပြန်လွှတ်ပေးခဲ့သည်။
18 Mar 2022
DMG ၊ မတ်လ ၁၈ ရက်
နိုင်ငံပိုင်ရုပ်သံမှ အချိန်ပိုင်းသတင်း ထုတ်လွှင့်နေစဉ်အတွင်း ရုရှားအစိုးရ၏ယူကရိန်း၌ စစ်ရေးဆောင်ရွက်နေမှုကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့သည့် ရုရှားအယ်ဒီတာတစ်ဦးအား ထိန်းသိမ်းထားမှုကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပြီးနောက် အင်္ဂါနေ့တွင် ရုရှားအစိုးရက ဒဏ်ငွေဖြင့် ပြန်လွှတ်ပေးခဲ့သည်။
ချန်နယ်ဝမ်းတီဗီမှ အယ်ဒီတာ မရီနာအိုဗက်စ်ရန်နီကိုဗာသည် 'စစ်ပွဲရပ်' ဟု အင်္ဂလိပ်စာဖြင့် ရေးသားထားသည့် ပိုစတာကိုကိုင်ဆောင်၍ ၎င်း၏ အထင်ကရ ညနေခင်းသတင်းထုတ်လွှင့်မှုတွင် ဝင်ရောက်ဆန္ဒပြခဲ့သည်။
ကလေးနှစ်ဦး၏မိခင်ဖြစ်သော သူမသည် ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ၎င်း၏ရှေ့နေများထဲမှတစ်ဦးက ပြောကြားသည်။
မရီနာအိုဗက်စ်ရန်နီကိုဗာ၏အမှုသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး ရုရှားတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်မှ အနောက်ယူကရိန်းကို လိုလားသော နိုင်ငံသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ရန် ဆုံးဖြတ်ချက်ချပြီးနောက် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်သောသတိပေးချက် အသစ်ထွက်ပေါ်လာခဲ့သည်။
အင်္ဂါနေ့တွင် ပြင်သစ်သမ္မတ အီမာန်နျူရယ်မက်ခရွန်က သူမအားနိုင်ငံရေးခိုလှုံခွင့် သို့မဟုတ် အခြားကောင်စစ်ဝန်ကာကွယ်မှုပုံစံများကို ကမ်းလှမ်းခဲ့သည်။
ဆန္ဒပြပြီးနောက် ၁၄ နာရီကြာ ဖမ်းဆီးထိန်းသိမ်း၍ စစ်ဆေးမေးမြန်းခံခဲ့ရကြောင်း အင်္ဂါနေ့တွင် သူမကသတင်းထောက်များအား ပြောကြားခဲ့သည်။
မော်စကိုမြို့ အိုစတန်ခီနိုခရိုင်တရားရုံးမှ တရားသူကြီးက သူမအားဒဏ်ငွေ ရူဘယ် ၃၀,၀၀၀ (ဒေါ်လာ ၂၈၀) ပေးဆောင်ရန် အင်္ဂါနေ့တွင် အမိန့်ချခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။