- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
စင်္ကာပူတွင် ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၈ ထောင်ကျော်နှင့် သေဆုံးသူ လေးဦးရှိ
စင်္ကာပူနိုင်ငံတွင် မတ် ၂၉ ရက် နေ့လယ်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၈,၁၆၄ ဦးရှိ၍ ပြည်တွင်းကူးစက်ခံရသူ ၈,၀၀၉ ဦးနှင့် ပြည်ပမှကူးစက်ခံလာရသူ ၁၅၅ ဦးတို့ ပါဝင်ကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
01 Apr 2022

DMG၊ ဧပြီ ၁
စင်္ကာပူနိုင်ငံတွင် မတ် ၂၉ ရက် နေ့လယ်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၈,၁၆၄ ဦးရှိ၍ ပြည်တွင်းကူးစက်ခံရသူ ၈,၀၀၉ ဦးနှင့် ပြည်ပမှကူးစက်ခံလာရသူ ၁၅၅ ဦးတို့ ပါဝင်ကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုအင်္ဂါနေ့သည် ထိုနေ့မတိုင်မီ တရက်နှင့်ယှဉ်လျှင် ကူးစက်ခံရသူအရေအတွက် များပြားလာလျက်ရှိသော ကိုးကြိမ်မြောက်အင်္ဂါနေ့ဖြစ်သည်။ အဆိုပါကူးစက်သူဦးရေ တိုးပွားမှုပုံစံအရ “ရက်သတ္တပတ်အကုန် ပိတ်ရက်ပြီးတိုင်းတွင် အမြဲတမ်းတိုးပွားလေ့ရှိသည်” ဟု ကျန်းမာရေးဝန်ကြီး အွန်ရဲခွန်က ၂၀၂၁ ခုနှစ်အောက်တိုဘာလတွင် ဖေ့စ်ဘုတ်လူမှုကွန်ရက်၌ ရေးသားခဲ့သည်။
ယခုသေဆုံးသူ လေးဦးကိုပါ ထည့်တွက်ပါက စင်္ကာပူတွင် ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူဦးရေစုစုပေါင်းမှာ ၁,၂၅၈ ဦးအထိ ရှိလာပြီဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ပေါ်ရှိ လက်ရှိနောက်ဆုံးကူးစက်မှု စာရင်းဇယားများအရ ဆေးရုံတင်ထားရသောလူနာ ရ၂၈ ဦးရှိကြောင်း သိရသည်။ လူနာ ၈၃ ဦးမှာ အောက်ဆီဂျင်ပေးထားရပြီး လူနာ ၁၅ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။
စင်္ကာပူ၏ ကိုဗစ်-၁၉ ထပ်မံကူးစက်မှု၏ အများစုသည် အဆင့် ၂ ဖြစ်ပွားမှုများဖြစ်ပြီး သက်သာနေသူများ သို့မဟုတ် မစိုးရိမ်ရသော အခြေအနေများတွင် ရှိကြသည်။
အင်္ဂါနေ့တွင်အစီရင်ခံ တင်ပြထားသော ထပ်မံကူးစက်မှုများအနက် ရ၂၈၂ ခုမှာ အဆင့် ၂ ဖြစ်ပွားမှုများဖြစ်၍ ဒေသတွင်းကူးစက်မှု ရ၁၅၃ ခုနှင့် ပြည်ပမှကူးစက်မှု ၁၂၉ ခုပါဝင်သည်။
အပတ်စဉ် ကူးစက်မှုအချိုးသည် ဝ.၆၉ ဖြစ်ပြီး တနင်္လာနေ့တွင် ဝ.၇၃ ထက်နိမ့်သည်။ နံပါတ် ၁ အောက်ရှိနေခြင်းသည် အပတ်စဉ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အသစ်အရေအတွက် ကျဆင်းနေကြောင်း ညွှန်ပြသည်။
ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ စင်္ကာပူတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁,၀၈၅,၀၉၄ ဦးရှိပြီဖြစ်သည်။
တနင်္လာနေ့အထိ စင်ကာပူနိုင်ငံရှိ ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီသည့် လူဦးရေ၏ ၉၅ ရာခိုင်နှုန်းသည် အမျိုးသား ကာကွယ်ဆေးထိုးခြင်း အစီအစဉ်အရ ကာကွယ်ဆေးအပြည့်အစုံကို ထိုးနှံပြီးဖြစ်ကာ စုစုပေါင်းလူဦးရေ၏ ရ၁ ရာခိုင်နှုန်းခန့်သည် ကိုဗစ် ထပ်ဆောင်းအားဖြည့်ဆေး ထိုးနှံမှုခံယူခဲ့ကြပြီးဖြစ်သည်။