- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ဝါရှင်တန်မှာ လူတွေကိုစနိုက်ပါနဲ့ ပစ်ခတ်ခဲ့သူကို သေဆုံးလျက် တွေ့ရှိ
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် သောကြာနေ့ညပိုင်းက စနိုက်ပါသေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ယူဆရသူအား သူ၏အခန်းတွင် သေဆုံးလျက်အနေအထားဖြင့် တွေ့ရှိရကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
24 Apr 2022

DMG ၊ ဧပြီ ၂၄
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် သောကြာနေ့ညပိုင်းက စနိုက်ပါသေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ယူဆရသူအား သူ၏အခန်းတွင် သေဆုံးလျက်အနေအထားဖြင့် တွေ့ရှိရကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြို့တော် အနောက်မြောက်ပိုင်း၌ သူ၏ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ လေးဦးရှိခဲ့ကာ အနီးအနားရှိ ပြည်သူအများမှာ တစ်ညလုံး အိမ်ပြင်မထွက်ရဲဘဲ ရှိခဲ့ကြောင်း သတင်းက ဖော်ပြသည်။
“ကျူးလွန်သူလို့ ယူဆရသူဟာ အခု ဆုံးပါးသွားပါပြီ” ဟု မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ အကြီးအကဲ ရောဘက်ကွန်တီက မြို့တော်ဝန် မာရီယယ်ဘောက်ဆာနှင့်အတူ ညဉ့်အချိန်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ပြောကြားသည်။
“သံသယတရားခံရှိတဲ့ အဆောက်အအုံထဲကို ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာချိန်မှာပဲ သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ ယူဆရပါတယ်” ဟု သူကပြောသည်။
နေဆာလှုံရင်း လမ်းလျှောက်နေကြသူများအား သေနတ်သမားသည် ငါးထပ်တိုက်အမြင့်မှနေ၍ မြင်မြင်သမျှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
သေနတ်သမားသည် အချက် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ကာ သူ၏အခန်းတွင်း၌လည်း သေနတ်များနှင့် ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း ကွန်တီ၏ ပြောကြားချက်အရ သိရသည်။
ဒဏ်ရာရသူ လေးဦးလုံး အသက်အန္တရာယ် မစိုးရိမ်ရဘဲ ၎င်းတို့အနက် သုံးဦးမှာ ဆေးရုံတွင် ကုသမှု ခံယူလျက်ရှိသည်။
အမေရိကန်ပြည်ထောင်စုတွင် ယခုလအစောပိုင်းကလည်း နယူးယောက်မြို့ရှိ မြေအောက်ဘူတာတစ်ခုတွင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူအများ အလန့်တကြား ဖြစ်ခဲ့ရသည်။ မတ်လအတွင်း၌ ရဲတပ်ဖွဲ့ဝင်များသည် ဝါရှင်တန်နှင့် နယူးယောက်ရှိ အိမ်ယာမဲ့များကို ပစ်သတ်ခဲ့သူတစ်ဦးအား ဖမ်းဆီးခဲ့သည်။