- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
အိုမီခရွန်သည် အခြားကိုဗစ်မျိုးကွဲများကဲ့သို့ပင် ပြင်းထန်ကြောင်း အကြီးစားလေ့လာမှုတစ်ရပ်က တွေ့ရှိ
ကမ္ဘာတစ်ဝန်းတွင် လက်ရှိ၌ အထူးပျံ့နှံ့လျက်ရှိသည့် အိုမီခရွန်မျိုးကွဲသည် အခြားသော ကိုဗစ်မျိုးကွဲများ ကဲ့သို့ပင် ပြင်းထန်ပြီး ဒုက္ခပေးနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်သည့် လေ့လာချက်တစ်ရပ်အရ သိရသည်။
07 May 2022

DMG ၊ မေ ၇
ကမ္ဘာတစ်ဝန်းတွင် လက်ရှိ၌ အထူးပျံ့နှံ့လျက်ရှိသည့် အိုမီခရွန်မျိုးကွဲသည် အခြားသော ကိုဗစ်မျိုးကွဲများ ကဲ့သို့ပင် ပြင်းထန်ပြီး ဒုက္ခပေးနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်သည့် လေ့လာချက်တစ်ရပ်အရ သိရသည်။
အစောပိုင်း လေ့လာချက်များတွင် အိုမီခရွန်သည် ကူးစက်မှုသာ အထူးမြင့်မားပြီး လူကို ဒုက္ခပေးနိုင်သည့် ပမာဏမှာ အခြား ကိုဗစ်မျိုးကွဲများလောက် မပြင်းထန်ကြောင်း တွေ့ရှိဖော်ပြခဲ့ကြသည်။
ပညာရှင်လေးဦးသည် ကိုဗစ်လူနာ ၁၃၀၀၀၀ ၏ ဆေးမှတ်တမ်းများကို အခြေခံပြီး လေ့လာခဲ့ရာ၌ ယခုကဲ့သို့ တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
“ဆေးရုံတက်ရောက် ကုသရမှုနဲ့ သေဆုံးမှု ပမာဏဟာ အစောပိုင်း ပုံစံတူကာလတွေအတိုင်း အတူတူဖြစ်နေတာကို တွေ့ရပါတယ်” ဟု ၎င်းတို့က ပြောကြားသည်။
ပညာရှင်များသည် ပြီးခဲ့သော ၂ နှစ်တာအတွင်း ကမ္ဘာတစ်ဝန်းတွင် အခြားသော ကိုဗစ်မျိုးကွဲများ ကူးစက်ပျံ့နှံ့မှုကို ယခု အိုမီခရွန် ကူးစက်မှုနှင့် ယှဉ်ထိုး လေ့လာခဲ့ကြခြင်း ဖြစ်သည်။
အိုမီခရွန်ကို အခြားမျိုးကွဲများလောက် မပြင်းထန်ဟု ကောက်ချက်ချခဲ့ကြသော လေ့လာမှုများမှာ တောင်အာဖရိက၊ စကော့တလန်၊ အင်္ဂလန်နှင့် ကနေဒါအပါအဝင် နေရာအများအပြားတွင် လေ့လာခဲ့ကြခြင်းဖြစ်သည်ဟု မန်ဆာချူးဆက် အထွေထွေဆေးရုံကြီး၊ မင်နာဗာတက္ကသိုလ်နှင့် ဟားဗတ်ဆေးကျောင်းမှ ပညာရှင်များက ပြောကြသည်။
၎င်းတို့၏ လေ့လာချက်များတွင် နေအိမ်တွင်း ကာကွယ်ဆေးထိုးနှံသူ လူနာများကို ထည့်မတွက်ထားသည့်အတွက် ကာကွယ်ဆေး ထိုးနှံပြီးသည့် လူနာအရေအတွက်နှင့် ကူးစက်မှုပမာဏစုစုပေါင်းကို လျှော့တွက်မိခြင်း တို့ရှိနိုင်သည့်အတွက် သုတေသနရလဒ်တွင် အကန့်အသတ်များ ရှိနိုင်ကြောင်း အဆိုပါပညာရှင်များက ပြောကြားထားသည်။