- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
တရုတ်တွင် ကိုဗစ်စတင်ချိန်တည်းက အများဆုံးအဖြစ် တစ်နေ့တာ ကူးစက်မှုပေါင်း ၂ သောင်းကျော် တွေ့ရှိ
ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ထားသော်လည်း ရောဂါကူးစက်ပြန့်ပွားမှုနှုန်း တစ်ဟုန်ထိုး မြင့်တက်လျက်ရှိသည့် ရှန်ဟိုင်းမြို့အပါအဝင် တရုတ်နိုင်ငံ၌ ဗုဒ္ဓဟူးနေ့တွင် ကိုဗစ်ရောဂါကူးစက်မှုပေါင်း ၂၀,၀၀၀ ကျော်ရှိပြီး ကပ်ရောဂါစတင်ချိန်မှစ၍ နေ့အလိုက်အမြင့်ဆုံး စာရင်းဝင်ခဲ့သည်။
07 Apr 2022

DMG ၊ ဧပြီ ၇
ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ထားသော်လည်း ရောဂါကူးစက်ပြန့်ပွားမှုနှုန်း တစ်ဟုန်ထိုး မြင့်တက်လျက်ရှိသည့် ရှန်ဟိုင်းမြို့အပါအဝင် တရုတ်နိုင်ငံ၌ ဗုဒ္ဓဟူးနေ့တွင် ကိုဗစ်ရောဂါကူးစက်မှုပေါင်း ၂၀,၀၀၀ ကျော်ရှိပြီး ကပ်ရောဂါစတင်ချိန်မှစ၍ နေ့အလိုက်အမြင့်ဆုံး စာရင်းဝင်ခဲ့သည်။
တရုတ်နိုင်ငံ၏ "ကိုဗစ်သုည" မဟာဗျူဟာသည် ရောဂါဖြစ်ပွားမှု တိုးလာသည်နှင့်အမျှ ကြီးမားသော တင်းအားအောက်တွင် ရှိနေသည်။ မတ်လမတိုင်ခင်ကာလအထိ တရုတ်နိုင်ငံသည် ရုတ်ချည်းနိုင်ငံတွင်း ပိတ်ဆို့ကန့်သတ်မှုများ၊ လူအများအပြားအား ရောဂါပိုးရှိမရှိ စမ်းသပ်ခြင်းနှင့် နိုင်ငံတကာခရီးသွားလာမှုအပေါ် တင်းကျပ်သော ကန့်သတ်ချက်များပြုလုပ်၍ နေ့စဉ် ရောဂါဖြစ်ပွားမှုနည်းပါးစေရန် ထိန်းသိမ်းထားနိုင်ခဲ့သည်။
သို့သော် မကြာသေးမီ သီတင်းပတ်များအတွင်း ကူးစက်မှုများ နေ့စဉ် ထောင်နှင့်ချီရှိခဲ့ပြီး ရှန်ဟိုင်းမြို့အနီးတွင် အလွန်ကူးစက်လွယ်သော အိုမီခရွန်မျိုးကွဲကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဗုဒ္ဓဟူးနေ့တွင် ကူးစက်ခံရသူ ၂၀,၄၇၂ ဦးဖြင့် စံချိန်တင်ခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့ပြီး “သေဆုံးမှုအသစ်များမရှိကြောင်း” ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ဝူဟန်မြို့တစ်ဝိုက်ကို ဗဟိုပြုသည့် ကနဦးရောဂါစတင်ကူးစက်ပြန့်ပွားမှု အထွတ်အထိပ်ကာလအတွင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သော ကူးစက်ပြန့်ပွားမှု အရေအတွက်များတွင်ပင် ယခုအရေအတွက်သည် နိုင်ငံ၏ နေ့စဉ်ကူးစက်မှုအများဆုံး အရေအတွက်ဖြစ်သည်။ သို့သော် ဖြစ်ပွားမှုအများစုမှာ ရောဂါလက္ခဏာပြခြင်း မရှိကြပေ။
သို့သော်လည်း မြို့တော်အရာရှိများသည် ဗိုင်းရပ်စ်နှင့်ပတ်သက်သော လုပ်ငန်းစဉ်များကို တင်းတင်းကျပ်ကျပ် လိုက်နာနေကြသောကြောင့် ရှန်ဟိုင်းမြို့တွင်းရှိ ကွာရန်တင်းအဆောက်အအုံများတွင် ကိုဗစ်ရောဂါပိုးရှိနေသည့် သူများဖြင့် ပြည့်နှက်လျက်ရှိနေသည်။
ထိုလုပ်ငန်းစဉ်များတွင် မိသားစုများကို စိုးရိမ်ပူပန်မှုနှင့် ပူပန်သောကများ ဖြစ်ပေါ်စေသည့် ကိုဗစ်ရောဂါပိုးရှိနေသည့် ကလေးငယ်များနှင့် ကလေးများကို ရောဂါပိုးမရှိသည့် မိဘများနှင့် ခွဲခြားထားသော မူဝါဒလည်း ပါဝင်သည်။
နိုင်ငံလုံးဆိုင်ရာ ကူးစက်မှုစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရှန်ဟိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့တော်တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။