- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
- အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးကြောင့် ပလက်ဝဒေသခံများ အလုပ်ကိုင်အခွင့်လမ်းများ ရနေ
- ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ
- လက်နက်မချလျှင် 'အမြစ်ဖြတ်ချေမှုန်းခံရမည်' အစ္စရေးက ဟားမားစ်ကို ခြိမ်းခြောက်
- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
အာဖဂန်အတွက် လူသားချင်းအကူအညီများ အမေရိကန်ပေးမည်ဟု တာလီဘန်တို့ ပြော
စီးပွားရေးပြိုလဲမှုနှင့်အတူ အလွန်အမင်း ဆင်းရဲမွဲတေနေသော အာဖဂန်နစ္စတန်နိုင်ငံ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အမေရိကန်ဘက်က ပေးအပ်ရန် သဘောတူထားကြောင်း တာလီဘန်တို့က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။ သို့သော်လည်း နိုင်ငံရေးအရ အသိအမှတ်ပြုရန်အတွက် ကိုမူ အမေရိကန်တို့က ငြင်းဆန်ခဲ့ကြောင်းလည်း တာလီဘန်တို့က ပြောကြားသည်။
11 Oct 2021

DMG ၊ အောက်တိုဘာ ၁၂

ယခင်က အဓိကရန်ဘက်များ ဖြစ်ခဲ့ကြသည့် အမေရိကန်နှင့် တာလီဘန်တို့သည် အာဖဂန်နစ္စတန်မှ အမေရိကန်တို့ ဆုတ်ခွာအပြီး ပထမဆုံးအကြိမ် တွေ့ဆုံမှု၌ ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန်တို့ဘက်က ထုတ်ပြန်သော ကြေညာချက်၌မှု အသေးစိတ် မဖော်ပြထားဘဲ နှစ်ဘက်တွေ့ဆုံပြီး “အာဖဂန်ပြည်သူများအတွက် အမေရိကန်ဘက်က လူသားချင်းစာနာမှု အကူအညီများ အင်တိုက်အားတိုက် ထောက်ပံ့မှုကို ဆွေးနွေးခဲ့” ကြသည်ဟုသာ ဖော်ပြထားကြောင်း အေပီသတင်းက ဆိုသည်။
ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုသည် အဆင်ပြေခဲ့ပြီး အမေရိကန်တို့ဘက်က အသိအမှတ်ပြုမှုနှင့် မဆက်စပ်ဘဲ အာဖဂန်နစ္စတန်အတွက် အကူအညီပေး ပေးအပ်ရန် သဘောတူညီမှု ရခဲ့သည်ဟု တာလီဘန်တို့က ပြောကြားသည်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်ကလည်း ဆွေးနွေးမှုများသည် “ပွင့်ပွင့်လင်းလင်းနှင့် ပညာသည်ပီသ” သည်ဟု ပြောကြားခဲ့သည်။ တာလီဘန်တို့ကို ၎င်းတို့၏ ပြောစကားအရ မဆုံးဖြတ်ဘဲ လုပ်ရပ်များဖြင့်သာ ဆုံးဖြတ်သွားမည်ဟု အမေရိကန်ဘက်က ပြောကြားခဲ့သည်ဟုလည်း သူက ဆိုသည်။