- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
၁၈ နှစ်အရွယ် သေနတ်သမားပစ်ခတ်မှုကြောင့် တက္ကဆက်မူလတန်းကျောင်းက ကလေး ၁၄ ဦး သေဆုံး
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ယူဗာဒီမြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် မေလ ၂၄ ရက်နေ့က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် ကလေး ၁၄ ဦးနှင့် ဆရာတစ်ဦး သေဆုံးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 May 2022

DMG ၊ မေ ၂၅
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ယူဗာဒီမြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် မေလ ၂၄ ရက်နေ့က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် ကလေး ၁၄ ဦးနှင့် ဆရာတစ်ဦး သေဆုံးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“သိပ်ကြောက်ဖို့ကောင်းပြီး နားမလည်နိုင်လောက်အောင်ပဲ ကျောင်းသား ၁၄ ဦးနဲ့ ဆရာတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ပစ်ခတ်မှုကျူးလွန်သူ သေနတ်သမားသည် အသက် ၁၈ နှစ်သာရှိပြီး ဒေသခံတစ်ဦးဖြစ်သည်။ ရဲတပ်ဖွဲ့၏ တုံ့ပြန်ပစ်ခတ်မှုကြောင့် သူလည်း သေဆုံးသွားသည်ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။
ယခုဖြစ်စဉ်အား သမ္မတဂျိုးဘိုင်ဒန်ထံသို့ အစီရင်ခံထားပြီးဖြစ်ကာ ဤဖြစ်ရပ်နှင့် ပတ်သက်၍ ပြောကြားရန်ရှိသည်ဟု သမ္မတ၏ ပြောခွင့်ရအမျိုးသမီးက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သော စာသင်ကျောင်းတွင် ကျောင်းသား ၅၀၀ ကျော်ရှိပြီး အများစုမှာ စီးပွားရေးချို့တဲ့သော မိသားစုများမှ ကလေးငယ်များ ဖြစ်ကြသည်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တွင် ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လူ ၁၇ ဦးသေဆုံးသော စာသင်ကျောင်းပစ်ခတ်မှုနှင့် ကွန်နက်တီကက်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ၂၆ ဦးသေဆုံးသော စာသင်ကျောင်းပစ်ခတ်မှုတို့ပြီးလျှင် ယခုဖြစ်စဉ်သည် သေဆုံးမှုအများဆုံး ဖြစ်သည်။
ပြီးခဲ့သော မေလ ၁၄ ရက်နေ့ကလည်း နယူးယောက်မြို့၌ အသက် ၁၈ နှစ်အရွယ် လူဖြစ်တစ်ဦး ပစ်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့သည်။ သူသည် အာဖရိကန်အမေရိကန် အများစု လာရောက်လေ့ရှိသည့် စူပါမားကတ်သို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကာ ပစ်ခတ်မှုကို အင်တာနက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။